‌ကိုရီးယားမင်းသားလေးလိုချောမောလှပတဲ့ရုပ်ရည်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးအစားမိုက်မိုက်လေးကိုပိုင်ဆိုင်ထားသူကတော့ မော်ဒယ်မင်းသားလေးခါရာပါ။ သူဟာ Mrtv-4ဇာတ်လမ်းတွဲများနဲ့လည်း အောင်မြင်နေပြီးနာမည်ရနေတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ခါရာဟာလတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး ကြော်ငြာများလည်းရိုက်ကူးနေတာပဲဖြစ်ပါတယ်။


Photo Credit-Khar Ra's Facebook
Photo Credit-Khar Ra's Facebook

ခါရာဟာသူ့ရဲ့ တ‌စ်နေ့တာလှုပ်ရှားမှုများကိုsocial networkတွင်မကြာခဏတင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့facebookစာမျက်နှာတွင် ဆောင်းရဲ့အငွေ့အသက်ကိုခံစားရင်း စာဖတ်ရတဲ့အရသာကိုသဘောကျပါတယ်ဆိုတဲ့captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ခါရာဟာဆောင်းရာသီfashionလေးနဲ့ ကိုရီးယားမင်းသားလေးလိုချောမောခန့်ညားနေပြီးစာအုပ်လေးကိုကိုင်ထားတာဖြစ်ပါတယ်။


Photo Credit-Khar Ra's Facebook
Photo Credit-Khar Ra's Facebook

မင်းသားချောလေးခါရာဟာ Rising Star Awardဆုကိုလည်းရရှိထားတဲ့ အောင်မြင်နေတဲ့အနုပညာရှင်ပါ။ပရိတ်သတ်ကြီးလည်းခါရာကိုအားပေးကြမယ်မလား။ကိုရီးယားမင်းသားလေးလိုချောမောလွန်းတဲ့ခါရာရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khar Ra's Facebook
Photo Credit-Khar Ra's Facebook

Source-  Khar Ra's Facebook

Photo Credit-Khar Ra's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။