တစ်ချိန်က အနုပညာလောကမှာ နေရာတစ်ခုရယူထားနိုင်တဲ့ စမိုင်းလ် ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူမကတော့ အနုပညာအလုပ်တွေကနေ ရပ်နားနေပြီး ချစ်ရတဲ့ မိသားစုကို အချိန်အပြည့်အဝပေးနေပါတယ်။

photo credit : amazing grace 's facebook
photo credit : amazing grace 's facebook

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ သူမတို့ မိသားစုလေးဟာ ရေးဦးမြို့မှာ ပြီးစီးသွားတဲ့ စာသင်ကျောင်းအတွက် စာသင်ခန်းတစ်ခန်းစာ သိန်း ၅၀ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

photo credit : amazing grace 's facebook
photo credit : Smile 's facebook

သူမကတော့ " အောင်ဇမ္ဗူဆရာတော်ရဲ့ ရေးဦးမြို့မှာပြီးစီးသွားတဲ့ စာသင်ကျောင်းအတွက် စာသင်ခန်းတစ်ခန်းစာ သိန်း ၅၀ ဆပ်ကပ်လှူဒါန်း " ဆိုပြီး ကြည်နူးစရာမိသားစုပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စမိုင်းလ်တို့ မိသားစုရဲ့ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

photo credit : Smile 's facebook
photo credit : Smile 's facebook

source: Smile 's facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။