ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ရဲလေးမကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး သူ့ရဲ့ဟာသဇာတ်ရုပ်လေးတွေဟာဆိုရင်လည်း ပရိသတ်တွေရဲ့တစ်နေ့တာအမောတွေကိုပြေသွားစေပါတယ်နော်။ရဲလေးမကတော့ အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို ကိုယ့်အားကိုယ်ကိုးပြီးတော့ သမာအာဇီဝစီးပွားရေးလေးကိုလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook

ရဲလေးမက မိသားစုကိုလုပ်ကျွေးပြုစုနေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူ့ရဲ့စိတ်ဓာတ်လေးကိုလေးစားပြီးချီးကျူးကြတာဖြစ်ပါတယ်။ရဲလေးမရောင်းတဲ့ မုန့်ဟင်းခါးကိုလည်း လူတိုင်းကအားပေးကြပြီး အနုပညာမောင်နှမတွေကလည်းအလှူအတန်းတွေလုပ်ရင် ရဲလေးမရဲ့မုန့်ဟင်းခါးကိုမှာကြပါတယ်နော်။ရဲလေးမကတော့ စိတ်သဘောထားလည်းပြည့်ဝပြီး ရိုးရှင်းစွာနေထိုင်တတ်သူဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်။

Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook

လတ်တလောမှာဆိုရင်တော့ ရဲလေးမက ဖျော်ဖြေပွဲတစ်ခုအတွက် ခရီးထွက်နေရတာဖြစ်ပါတယ်။ရဲလေးမကတော့"ရဲလေးမရဲ့မွေးနေ့လေးနယ်ရောက်နေလို့အတူ သွားအနုပညာမောင်နှမတွေနဲ့နယ်ကပရိသတ် တွေနဲ့ပဲပျော်ပျော်ပါးပါးမွေးနေ့ကိတ်ခွဲရင်းဖြတ်သန်းခဲ့တာပါ"ဆိုပြီး သူ့ရဲ့မွေးနေ့လေးကို ရိုးရှင်းစွာနဲ့ကျင်းပပြီး ပရိသတ်တွေကို မွေးနေ့ကိတ်လိုက်ခွံ့ခဲ့တဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook
Photo Credit:Ye Lay Ma's Facebook

Photo Credit:Ye Lay Ma's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။