ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးကတော့ တစ်ခေတ်တစ်ခါမှာ အရမ်းအောင်မြင်ခဲ့တဲ့အပြင် ရုပ်ရည်ကလည်းချောမောခန့်ညားတာကြောင့် ပျိုတိုင်းကြိုက်တဲ့မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်နော်။လွင်မိုးက ယခုလက်ရှိမှာဆိုရင် စီးပွားရေးကိုသာဇောက်ချလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုတော့ အနည်းအကျဉ်းသာရိုက်ကူးနေတာဖြစ်ပါတယ်။
လွင်မိုးက အားတဲ့အချိန်တိုင်းမှာလည်း သူ့ရဲ့တစ်ဦးတည်းသောမြေးလေးဖြစ်တဲ့ Liamလေးကို အချိန်ပေးပြီး အတူတူဆော့ကစားပေးတာဖြစ်ပါတယ်။လွင်မိုးဟာဆိုရင် မိသားစုအပေါ်မှာလည်း လိုလေသေးမရှိအောင်စောင့်ရှောက်ပေးပြီး အိမ်ထောင်ဦးစီးတာဝန်ကျေပြွန်တဲ့သူတစ်ယောက်ပါနော်။လွင်မိုးတို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်နဲ့အရမ်းပျော်စရာကောင်းလို့ ပရိသတ်တွေကလည်း မိသားစုပုံရိပ်လေးတွေကိုအမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။
လွင်မိုးတို့ဇနီးမောင်နှံကလည်း ရတုများအဆက်ဆက်တိုင်အောင် အပြန်အလှန်ချစ်ခင်ကြင်နာပြီး အေးအတူပူအမျှနဲ့လက်တွဲနေထိုင်နေကြတဲ့ အားကျစရာဇနီးမောင်နှံလေးပါနော်။အခုဆိုရင်တော့ လွင်မိုးနဲ့မေသူတို့က ပြင်ဦးလွင်မြို့မှာကျင်းပတဲ့ ပြည့်ဖြိုးတေဇရဲ့မင်္ဂလာပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ ပွဲတက်ရင်း ရိုဆန်စွာကြည်နူးနေကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်နော်။
Photo Credit:May Thu's Facebook Account
Source:May Thu's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။