MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲအဖြစ် မောရဝတီ ယူ-၁၉ အသင်းနှင့် MFF Youth အသင်းတို့ ယနေ့ ညနေ သုံးနာရီခွဲက ပဒုမ္မာကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်းMFF Youth အသင်းမှ ငါး ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

MFF Youth အသင်းအတွက် အနိုင်ဂိုးများကိုပထမပိုင်း ပွဲချိန် ၂၀ မိနစ်တွင် စိုင်းစိုင်းအန်ထူးက အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။နောက်ဂိုးကိုတော့ ပွဲချိန် ၃၃ မိနစ်တွင် ဝေဘုန်းမြင့်ကျော်ကသွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာ ၂- ဝဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိပိုင်းမှာတော့ ပွဲချိန် ၅၀ မိနစ်နှင့် ၇၆ မိနစ်များတွင် ဟိန်းထက်ဇော်၊ ပွဲချိန် ၉၀ မိနစ်တွင် ကောင်းခန့်ကျော်တို့က သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

MFF Youth အသင်းကတော့ ယခုပွဲစဉ်တွင်း မောရဝတီ အသင်းကို ၅-ဝ ဂိုးဖြင့်ဂိုးပြတ် နဲ့ အနိုင် ၃မှတ် ရယူနိုင်ခဲ့ပါတယ်။ မောရဝတီ အသင်းကတော့ အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ပေမယ့်လည်း MFF Youth အသင်းကို အရေးနိမ့်ခဲ့ရပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MFF Youth အသင်းနှင့် မောရဝတီ အသင်းတို့ ရဲ့ ယှဉ်ကစားခဲ့ပုံများကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။