ရန်ကုန်ယူနိုက်တက်အသင်းကတော့ AFC Cup 2020 ခြေစစ်ပွဲအဖြစ်ဘရူနိုင်းကလပ် အင်းဒရာအသင်း နှင့် ယှဉ်ပြိုင်ကစားဖို့အတွက် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ကစားရမှာဖြစ်ပြီး လာမယ့် ဇန်နဝါလ ၂၂ ရက်နေ့မှာ ဘရူနိုင်ကလပ် အင်းဒရာအသင်း နှင့် ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook page
Photo Credit - Yangon United FC Facebook page

ရန်ကုန်ယူနိုက်တက်အသင်းကတော့ အိမ်ကွင်း အနေနဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သုဝဏ္ဏဘောလုံးကွင်းမှာ အကြိတ်အနည် ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ ယနေ့ မနက်ပိုင်းမျာတော့ တည်ခိုရာ ဟိုတယ် မှာ မနက်ဖြန်ပွဲစဉ်အတွက် ကြိုတင်လေ့ကျင့် နေမှုတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ မနက်ဖြန်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်မလား ဆိုတာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေနဲ့ အတူ ရင်ခုန်စိတ်လှုပ်ရှားနေပြီးလည်းဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook page
Photo Credit - Yangon United FC Facebook page

ပရိသတ်တွေအတွက် မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဘရူနိုင်းကလပ် အင်းဒရာအသင်း တို့ ရဲ့ ပွဲစဉ်ကိုလည်း ပြန်လည်ဖော်ပြပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးပါအုန်းနော်..။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Yangon United FC Facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။