ဖြူဖြူထွေးကတော့ ရိုးသားပွင့်လင်းတဲ့ ပုံစံလေးတွေ အရှိကို အရှိတိုင်း ပြောဆိုတတ်ပုံလေးတွေ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမကတော့ mtvတွေရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရတဲ့ အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။ အထာကျကျ ဂေါ်နေတဲ့ အဝါရောင်ဖက်ရှင်လေးနဲ့ ကြော်ငြာလေးကို ရိုက်ကူးနေတဲ့ ဖြူဖြူထွေးရဲ့ အမိုက်စားပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲ ဖြစ်ပါတယ်။
သူမကတော့ "ဒီနေ့ကတော့ Smile Tissue ကြော်ငြာလေးရိုက်ကူး " ဆိုပြီး အဝါရောင်ဖက်ရှင်လေးနဲ့ လှနေတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
source: Phyu Phyu Htwe 's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။