အဆွေးသီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်ရင်ထဲရောက်အောင် သီဆိုဖျော်ဖြေတတ်ပြီး ဂီတလောကမှာဆယ်စုနှစ်တစ်ခုနီးပါးတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူကတော့ တေးသံရှင်ပိုပိုပါ။ သူမဟာတေးသီချင်းကောင်းလေးများကို ကိုယ်တိုင်ရေးသားသီဆိုတတ်သူဖြစ်ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုအပြည့်အဝရရှိထားသူဖြစ်ပါတယ်။ တေးသံရှင်ပိုပိုဟာ အနုပညာလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်ပြီး One Lady Showကျင်းပရန်စီစဉ်နေတာဖြစ်ပါတယ်။


Photo Credit-ပိုပို's Facebook page
Photo Credit-ပိုပို's Facebook page

မကြာသေးမီက ပိုပိုဟာသူမရဲ့facebookစာမျက်နှာတွင် one lady showအတွက် staminaကောင်းအောင်မနက်ဆိုတာနဲ့ အိမ်မှာ trainerနဲ့လေ့ကျင့်နေတဲ့အကြောင်းကို တင်ပေးလာပါတယ်။ သူမဟာ မကစားချင်ပေမယ့် ဆရာကအသေမောင်းတော့ တစ်ကယ်ကြီးဝိတ်ပြန်ချတော့မှာပါဆိုပြီးလည်းပြောထားပါသေးတယ်။ တေးသံရှင်ပိုပိုဟာ အနီရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး trainerနဲ့အသေအချာကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit-ပိုပို's Facebook page
Photo Credit-ပိုပို's Facebook page

မကြာခင်ကျင်းပတော့မယ့်ပိုပိုရဲ့ one lady showပွဲကြီးကိုရော ပရိတ်သတ်တွေသွားရောက်အားပေးကြမယ်မလား။ ပွဲအတွက်ကြိုးစားပြီးပြင်ဆင်နေတဲ့ ပိုပိုရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-ပိုပို's Facebook page
Photo Credit-ပိုပို's Facebook page

Source-ပိုပို's Facebook page

Photo Credit-ပိုပို's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။