MPT Myanmar National League 2020 ပွဲစဉ် (၂) အပြီး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ရန်ကုန်ယူနိုက်တက်အသင်း၏ တစ်ကျော့ပြန် တိုက်စစ်မှူးအီမန်နျူ က ခြေစွမ်းပြ ကစားထားနိုင်ပြီး သွင်းဂိုး သုံးဂိုးနဲ့ ဦးဆောင်ထားပါတယ်။တိုက်စစ်မှူး အီမန်နျူရယ်က ပြီးခဲ့တဲ့ ၂၀၁၉ ရာသီပွဲစဉ်တွေမှာလည်း အကောင်းဆုံး သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းတွေပြသထားနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

အီမန်နျူရယ် ကတော့ ယခု MPT Myanmar National League 2020 ပွဲစဉ် (၂) အပြီးမှာ၃ဂိုး သွင်းယူပေးနိုင်ပြီး နောက်မှာ ဒေါ်နယ်ဘစ်ဆာ(ဟံသာဝတီ) ၂ ဂိုး ၊ ကိသ်(ရှမ်းယူနိုက်တက်) ၂ ဂိုး ၊ကျော်စွာမင်း(စစ်ကိုင်းယူနိုက်တက်) နဲ့ ရာဖေးလ်ဆာဆက်(ဧရာဝတီယူနိုက်တက်)တို့က သွင်းဂိုး ၂ ဂိုးစီ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ နောက်အပတ် ပွဲစဉ်တွေမှာလည်း ဘယ်အသင်းရဲ့ အဓိကကစားသမားတွေက သွင်းဂိုးအများဆုံးနဲ့ ရပ်တည်နိုင်မလဲဆိုတာ ပရိသတ်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ပရိသတ်ကြီးကလည်း နောက်အပတ်ပွဲစဉ်တွေမှာ အသင်းတိုင်းက ပြိုင်ဆိုင်မှုတွေ အားကောင်းလာတာဖြစ်ပြီး ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ပွဲစဉ်တွေဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးပါဦးနော်..။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၂) အပြီးမှာသွင်းဂိုးအများဆုံးနဲ့ ဦးဆောင်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူးအီမန်နျူ ရဲ့ အကြောင်းအရာတွေကို ပြန်လည်တင်ပြလိုက်ပါတယ်။

Photo Credit & Source - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။