ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား မောင်မောင်လွင် က အင်ဒရာနှင့်ပွဲသည် အရေးကြီးသည့်အတွက် အနိုင်ရလဒ်ရရှိအောင် ယှဉ်ပြိုင်သွားမည်ဟု ဆိုခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ မြန်မာစံတော်ချိန် ၆း၄၅ (ဘရူနိုင်းစံတော်ချိန် ၈း၁၅ နာရီ) တွင် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့်Hassanal Bolkiah ကွင်းတွင်ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းကတော့ အင်ဒရာအသင်းနှင့်ပွဲစဉ်က အရေးကြီးတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အကောင်းဆုံးယှဉ်ပြိုင်သွားကြမှာလည်းဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook Page

ရန်ကုန်ယူနိုက်တက်အသင်းမောင်မောင်လွင် က "ဒီပွဲကိုနိုင်မှ AFC Cup အုပ်စုအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးများမှာဖြစ်ပါတယ်... ဒါကြောင့် ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲလို့ပြောလို့ရပါတယ်.. ပြီးခဲ့တာတွေ ခဏထားပြီး လာမယ့်ပွဲအတွက် စိတ်သစ်လူသစ်နဲ့ လေ့ကျင့်ပြင်ဆင်မယ်၊ မနက်ဖြန်ပွဲအတွက် အနိုင်ရလဒ်ရရှိအောင် ယှဉ်ပြိုင်သွားပါမယ်... သူတို့အသင်းနဲ့တွေ့ဆုံမှုက ဒါ ပထမဆုံးပါပဲ... သူတို့ဆီမှာ ဘရာဇီးနိုင်ငံသား၊ ဂါနာနိုင်ငံသား နဲ့ မလေးရှားက ကစားသမားတွေပါတယ်လို့ သိရပါတယ်...နိုင်ငံခြားသား ကစားသမားတွေကို အခြေခံပြီး ကစားမယ်လို့ထင်ပါတယ်.. ပြည်တွင်းက ကောင်းတဲ့သူတွေလည်း ပါပါလိမ့်မယ်။

Photo Credit - Yangon United FC Facebook Page

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပွဲအပေါ်ကိုသေချာအာရုံစိုက် ကစားမယ်...အနိုင်ရရှိအောင် ယှဉ်ပြိုင်သွားပါမယ်...အခုချိန်မှာ အသင်းကတော့ တဖြည်းဖြည်းနဲ့ စည်းလုံးမှုရှိလာပြီ...အကုန်လုံး အတူတကွတိုက်ပွဲဝင်မယ်... အရင်ပွဲစတုန်းကတော့ အာရုံစူးစိုက်မှုအနည်းငယ်လျော့ခဲ့ပါတယ်... ဒါတွေကိုပြင်ပြီး လာမယ့်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်...လာမယ့်ပွဲကို အားပေးနေမယ့် ပရိသတ်တွေကိုပြောချင်တာကဒီနေ့ယှဉ်ပြိုင်မယ့်ပွဲကို အနိုင်ရရှိအောင် ကြိုးစားသွားမယ်.... အနိုင်ရလဒ်နဲ့အတူ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါမယ်။"ဟု မောင်မောင်လွင် က ပြောကြားခဲ့ပါတယ်။အင်ဒရာအသင်းသည် AFC Cup ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ကလပ်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook Page

Photo Credit - Yangon United FC Facebook Page

Source - Yangon United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။