ရန်ကုန်ယူနိုက်တက်အသင်းကတော့ ယနေ့ညနေမှာ ဘရူနိုင်းကလပ် အင်ဒရာအသင်းနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်ယူနိုက်တက်အသင်းကတော့ နှစ်ကျော့ပြန်အနေနဲ့ အိမ်ကွင်း ၊ အဝေးကွင်း ဖြင့် လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာလည်း သုဝဏ္ဏ ဘောလုံးကွင်း မှာ ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။ မနေ့ကရန်ကုန်အသင်းနှင့် အင်ဒရာအသင်းတို့ရဲ့ ပွဲစဉ်အတွက် နှစ်ဖက်အသင်းရဲ့ တာဝန်ရှိသူများက ကြိုတင်သတင်းစာရှင်းလင်းပွဲကိုပြုလုပ်ခဲ့ကြပါတယ်။ 

Photo Credit - Yangon United FC Facebook Page

ထိုနောက် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်ဦးတင်မောင်ထွန်း က"အင်ဒရာအသင်းနဲ့ ပတ်သက်လို့ အနည်းငယ်လေ့လာထားပါတယ်။ သူတို့အသင်းမှာလည်း ကစားသမားကောင်းတွေရှိတဲ့အတွက် သူတို့အသင်းကို လျော့မတွက်ပါဘူး... ဘောလုံးမှာက အရာရာဖြစ်နိုင်ပါတယ်.....ရှုံးတာရှိမယ်၊နိုင်တာရှိမယ်...အဲ့ဒီအတွက် ကြိုတင်တွက်ဆလို့မရပါဘူး..... အသင်းမှာ အီမာနျုရယ် က ပွဲပယ်ကြောင့် မပါလာပေမယ့် တခြားတိုက်စစ်မှုးတွေရှိပါသေးတယ်...အဲ့ဒီအတွက် မနက်ဖြန်ပွဲမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားပါမယ်" ဟုပြောကြားခဲ့ပါတယ်။အင်ဒရာအသင်းသည် AFC Cup ပြိုင်ပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ကလပ်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။

Photo Credit - Yangon United FC Facebook Page

နောက်ထပ် အင်ဒရာအသင်း နည်းပြချုပ်အမီရာလာနီ ကလည်း "ဒီပြိုင်ပွဲက ဘရူနိုင်းဘောလုံးလောကအတွက် သမိုင်းသစ်တစ်ခုလည်းဖြစ်ပါတယ်.... အင်ဒရာအသင်းအတွက် ပထမဆုံး AFC Cup ဝင်ပြိုင်တာဖြစ်တဲ့အပြင် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပထမဦးဆုံးတွေ့ဆုံတာဖြစ်ပါတယ်....ဒါကြောင့်အသင်းအတွက် တစ်ရာရာခိုင်နှုန်းပြည့် ယှဉ်ပြိုင်ကစားနိုင်အောင်ပြင်ဆင်ထားပါတယ်... အားကစားစိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်"ဟု ပြောကြားခဲ့ပါတယ်တယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယနေ့ညနေမှာအဝေးကွင်း အနေနဲ့ ယှဉ်ပြိုင်ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ အင်ဒရာအသင်း တို့ ကြိုတင်သတင်စားရှင်းလင်း ပွဲ ပြုလုပ်ခဲ့တဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yangon United FC Facebook Page

Photo Credit - Yangon United FC Facebook Page

Source - Yangon United FC Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။