အချို့ကပြောတယ်၊အွန်လိုင်းချစ်သူတွေဆိုတာ လေလှိုင်းကြားက တေးသံသာတဲ့ အချိန်တန်ရင်ပျောက်ပယ်သွားမှာတဲ့၊ အချို့ပြောကြတာကတေတာ့ အွန်လိုင်းချစ်ဆိုတာ ကစားနေတာပါတဲ့။ဒါကတော့အချစ်အပေါ်ထားတဲ့ သဘောတရားအပေါ်မှာတဲ မှုတည်မှာပါ။အချစ်မှသစ္စာသာအခရာကျတာပါ။ တစ်ခုတော့ရှိပါတယ်။အွန်လို်င်းချစ်သူတွေ အပြန်အလှန်သစ္စာထားရင် ချစ်ခရီးလမ်းက သာယာနေမှာသေချာပါတယ်။

ဒီတခေါက်မှာတော့ အီတလီက စားပွဲထိုးမလေးက အင်ဒိုနီးရှားက ကောင်လေးအပေါ်ထားတဲ့အချစ်အတွက် မိုင်၆ဝဝဝကျော်ဖြတ်ကာ သွားရောက်တောင်းရမ်းတဲ့သတင်းလေးကို တင်ပြပေးလိုက်ပါတယ်။ 

အီတလီနိုင်ငံ Monte Blanco မှာ စားပွဲထိုးလုပ်နေတဲ့ Ilaria က တစ်နေ့မှာတော့အွန်လိုင်းကနေတစ်ဆင့် ကောင်လေးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။အဆိုပါကောင်လေး အမည်ကတော့Dzulfikar ပါ။ နေထိုင်ရာနေရာကတော့ အင်ဒိုနီးရှားနိုင်ငံကကျေးရွားလေး တစ်ရွာမှာပါ။အလှမ်းဝေတဲ့ နေရပ်နှစ်ခုကြားက ချစ်ဇာတ်လမ်းလေးအစပြုလိုက်ပါပြီ။ပြသနာကတော့ အကွာအဝေးပါ။ ကောင်မလေးနေထိုင်ရာအီတလီနဲ့ ကောင်လေးနေထိုင်ရာ အင်ဒိုနီးရှားကကျေးရွာတို့ကြား အကွာအဝေးက 6,915 miles (11,129 kilometers) ရှိပါတယ်။ 

အဲ့အကွာအဝေးအတွက် သွားဖို့ဆိုတာ ငွေကြေးများစွာရှိသလို၊ကောင်လေးကို တောင်းယူဖို့အတွက်လည်း ဒိုးပြာတွေလိုတာပေါ့။ နောက်ဆုံးမှတော့ Ilaria ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ရှာတယ်၊စုတယ်၊ရှာတယ်၊စုတယ်၊အချစ်အတွက်ပေါ့။ နှစ်နှစ်ကြာတဲ့အခါမှာတော့ကောင်လေးရှိရာ အင်ဒိုနီးရှားဂျာဗားကို ရောက်အောင်သွားနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဧပြီ လမှာ ကောင်လေးရှိရာရောက်ဖို့ Ilaria တစ်ယောက်လေယာဉ်ကို အီတလီကနေ ၁ရနာရီကြာစီးခဲ့ရပါတယ်။နောက်ဆုံးမှာတော့ချစ်ရတဲ့သူတွေ ကြည်နူးစွားပေါင်းစည်းနိုင်ခဲ့ပါတယ်။

ကဲပရိသတ်ကြီးရေ..အွန်လိုင်းချစ်သူတွေအားမလျှော့ကြနဲ့နော်….

Source: ABC

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။