ပရိသတ်ကြီးရေ မင်းသားချောလေးအိစိကွေးကတော့ အခုချိန်မှာဆိုရင် ခန့်ညားချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။အိစိကွေးက အနုပညာအလုပ်တွေကိုကလေးဘဝကတည်းကလုပ်ဆောင်ခဲ့ပြီး ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့ရင်ထဲကိုစိုးမိုးနိုင်ခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့ မင်းသားတစ်ယောက်အဖြစ်ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာပါဝင်သရုပ်ဆောင်နေတာပါနော်။

Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography

ပရိသတ်တွေကလည်း အိစိကွေးရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုအားပေးဝန်းရံကြပြီး အသက်ငယ်ငယ်လေးနဲ့မိဘကိုလုပ်ကျွေးပြုစုနေတဲ့သားလိမ္မာလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေက ပိုပိုပြီးချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။အိစိကွေးကတော့ (၂၁.၁.၂၀၂၀)ရက်နေ့မှာ (၁၉)နှစ်ပြည့်သွားပြီဖြစ်ပေမယ့် နုနယ်ချောမောလှတဲ့မျက်နှာလေးက ကလေးရုပ်လေးမပျောက်သေးပါဘူးနော်။

Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography

အိစိကွေးကတော့ သူ့ရဲ့မွေးနေ့လေးမှာ ရွှေတိဂုံဘုရားပေါ်တက်ပြီးကုသိုလ်ကောင်းမှုတွေယူခဲ့တဲ့အပြင် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုလည်းသွားရောက်ပြီး လှူဒါန်းခဲ့ပါသေးတယ်။အိစိကွေးကတော့ ကလေးချစ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် မင်းသမီးချောခိုင်နှင်းဝေရဲ့ သားသား၊မီးမီးတွေကို အရမ်းချစ်နေပြီး နို့ဘူးလေးတွေကူတိုက်ပေးကာ အတူတူလည်းဆော့ကစားပေးခဲ့ပါသေးတယ်နော်။မွေးနေ့လေးမှာ အမွန်မြတ်ဆုံးကုသိုလ်လေးတွေကိုပြုလုပ်ခဲ့တဲ့ အိစိကွေးရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography
Photo Credit:Thu Rein Photography

Photo Credit:Thu Rein Photography

Source:Eisi Kway's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။