မင်းသမီးချောလေး မအေးသောင်းကတော့ အရင်ကတည်းက အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ လျှောက်လှမ်းအောင်မြင်လာခဲ့သူဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းက သရုပ်ဆောင်ပိုင်းမှာလည်း အင်မတန်ထူးချွန်သူလေးတစ်ယောက်ပါ။ မအေးသောင်းအနေနဲ့ အနုပညာအလုပ်တွေကို အခုချိန်အထိ ဆက်လက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo Credit- Aye Thaung's FB Acc
Photo Credit- Aye Thaung's FB Acc
Photo Credit- Aye Thaung's FB Acc

ဒီနေ့ဇန်နဝါရီလ (၂၂) ရက်နေ့ကတော့ နှင်းဝတ်ရည်သောင်းရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် ညီမလေးမအေးသောင်းက အစ်မဖြစ်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။ နှင်းဝတ်ရည်သောင်းရဲ့မွေးနေ့လေးမှာ မအေးသောင်းက ညီအစ်မနှစ်ယောက်ရဲ့ငယ်ဘဝအမှတ်တရပုံလေးကို တင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မအေးသောင်းက ပြည်ပကိုရောက်ရှိနေတဲ့ အစ်မကိုသတိရနေကြောင်း ရေးသားမျှဝေထားပါသေးတယ်။

Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc
Photo Credit- Aye Thaung's FB Acc

မအေးသောင်းက " Happy Birthday Ma Yee.Someone who has always been there for the good times and the bad times wishing you a very Happy Birthday ချစ်တဲ့မကြီးမွေးနေ့မှာ ပျော်ရွှင်ပါစေ။ ငယ်ငယ်ကတည်းက ကိုယ့်ကိုအလိုလိုက်လာတာ အခုကြီးမှပိုသိလာတယ်။ မကြီးမရှိတော့ကိုယ်ကအကြီးဆုံး။ သူ့တာဝန်တွေကို သူမရှိမှသိလာတယ်။ တခါတလေ သူနဲ့ဖုန်းပြောရင် ညီမတွေ ငယ်ငယ်ကအကြောင်းပြောပြီးသူကငိုတတ်သေးတယ်။ သတိရတယ်မကြီးရေ။ မတွေ့ရတာ နှစ်နှစ်ရှိပြီ လွမ်းတယ်။ ကိုယ်စနောက်ရင်လည်း သူအမြဲခံရတယ်။ စိတ်ထားကောင်းတဲ့မကြီး အမြဲပျော်ရွှင်ပါစေ။ သရဲကလည်းကြောက်တတ်သေး။ ချောင်းသာမှာချော်လဲတုန်းက ကုန်းပိုးတဲ့ပုံလေးလေ မကြီးရေ " ဆိုပြီး ချစ်ရတဲ့အစ်မအတွက် မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

Source & Photo Credit- Aye Thaung's FB Acc & Hnin Thaung's FB Acc 

Photo Credit- Aye Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc
Photo Credit-Hnin Thaung's FB Acc
Photo Credit- Aye Thaung's FB Acc
Photo Credit- Aye Thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။