ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူကတော့ မိတ်ကပ်ဖန်တီးပညာရှင် ညီညီမောင်( စမ်းချောင်း) ပဲ ဖြစ်ပါတယ်။ သူမဟာ အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နေတတ်တာကြောင့်လည်း အားလုံးက ချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ သုသုဟာ ဖြူစင်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားရုံသာမကဘဲ အလှူအတန်းများလည်း မကြာခဏ ဆိုသလို ပြုလုပ်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit - Nyi Nyi Maung's Facebook Account
Photo Credit - Nyi Nyi Maung's Facebook Account
Photo Credit - Nyi Nyi Maung's Facebook Account

သုသုဟာ လတ်တလောမှာတော့ မင်းသား မြင့်မြတ် ၊ မင်းသမီးချောလေး အိချောပို ၊ လင်းလင်း တို့နဲ့အတူ အထိန်းတော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြင်ဦးလွင်တွင် ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သုသုရဲ့ ဇာတ်ကားတွေကို ကြည့်ရှုအားပေးရန် စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ရှုတင်နားတဲ့ အချိန်လေးမှာ Tik Tok ကစားထားတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit - Nyi Nyi Maung's Facebook Account
Photo Credit - Nyi Nyi Maung's Tik Tok Account
Photo Credit - Nyi Nyi Maung's Tik Tok Account

ဒီဗီဒီယိုလေးကတော့ လတ်တလောမှာနာမည်ကြီးနေတဲ့ Beauty Bloggerဝင်းမင်းသန်းရဲ့အသံလေးကိုနောက်ခံထားကာTik Tok ကစားထားတဲ့သုသုရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ သုသုရဲ့ သရုပ်ဆောင်ပုံတွေဟာလည်း ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် သုသုရဲ့ ချစ်စရာကောင်းတဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Nyi Nyi Maung's Tik Tok Account

Photo Credit - Nyi Nyi Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။