Cat Walk King အဖြစ် နာမည်ရအောင်မြင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ကတော့ မြန်မာနိုင်ငံကပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိနေတာ ဖြစ်ပါတယ်။ Sinon ကမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့အချိန်လေးမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်နေသလို လိုအပ်နေတဲ့သူတွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်။ အခုလည်း Sinon က လတ်တလောလူမှုကွန်ယက်စာမျက်နှာထက်မှာ လူပြောများနေတဲ့ လိမ္မော်သီးသည်အဘိုးကို သွားတွေ့ခဲ့ပါတယ်။ 

Photo Credit-Sinon Loresca FB Page
Photo Credit-Sinon Loresca FB Page
Photo Credit-Sinon Loresca FB Page

Sinon အနေနဲ့ လိမ္မော်သီးသည်အဘိုးရဲ့သတင်းကို ကြားကြားချင်းကတည်းက သူကိုယ်တိုင်သွားရောက်လှူဒါန်းမယ့်အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Sinon က အဘိုးနေထိုင်တဲ့အိမ်လေးကိုသွားရောက်ပြီး အဘိုးနဲ့တကွ မိသားစုဝင်တွေအားလုံးကို နွေးနွေးထွေးထွေးနဲ့ ဖေးမကူညီပေးခဲ့ပါတယ်။ စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ Sinon ရဲ့အပြုအမူကြောင့် လိမ္မော်သီးသည်အဘိုးက မျက်ရည်လေးတွေကျပြီး လက်အုပ်လေးချီနေတာကိုလည်း ပုံလေးတွေနဲ့အတူ ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit-Sinon Loresca FB Page
Photo Credit-Sinon Loresca FB Page
Photo Credit-Sinon Loresca FB Page

Sinon က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ လိမ္မော်သီးသည်အဘိုးရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီး အဘိုးကသူ့မိသားစုကို ဘယ်လိုရှာဖွေထောက်ပံ့နေရလဲဆိုတာသိလိုက်ရတဲ့အတွက် အဘိုးကိုသွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်းနဲ့ အဘိုးရဲ့ကြင်နာတတ်တဲ့စိတ်သဘောထားကို ချီးကျူးထားကြောင်းစာလေးကို "We have different reason for waking up in the morning but we all have the same reason for our hard work, to have a good life or provide a good life to our family. A good father is one of the most unsung, unpraised, unnoticed, and yet one of the most valuable assets in our society. After seeing the viral video about this father. All I can wish, is for the people to show their support and give some help for his family most especially, to his disabled daughter. Kindness in words creates confidence. Kindness in thinking creates profoundness. Kindness in giving creates love" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Sinon နဲ့ဈေးသည်အဘိုးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Sinon Loresca FB Page 

Photo Credit-Sinon Loresca FB Page
Photo Credit-Sinon Loresca FB Page
Photo Credit-Sinon Loresca FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။