ပြိုင်ပွဲဝင် အသင်း (၁၉) သင်း ပါဝင်ယှဉ်ပြိုင်မယ့် MPT Myanmar National League (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ ပွဲစဉ်တွေကို ယခုတစ်ပတ်မှာ စတင်ကျင်းပပါတော့မယ်။M 1 နဲ့ M II အသင်းတွေ ပေါင်းစုပြီး စနစ်သစ်နဲ့ ကျင်းပသွားမယ့် လာမယ့်ပြိုင်ပွဲက လူငယ်ကစားသမားတွေ ပွဲအရေအတွက် ပိုမိုကစားခွင့် ရရှိစေမယ့် အခွင့်အရေးတစ်ရပ် ဖြစ်နေတဲ့အပြင် များပြားလှတဲ့ပြိုင်ပွဲဝင် အသင်းအရေအတွက်ကြောင့်လည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit - Myanmar National League's Facebook Page

ဒါ့အပြင် တစ်ဆင့်တက်လှမ်း၍ သက်ဆိုင်ရာ စီနီယာကလပ်အသင်းတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိရေးနဲ့ ကစားသမားတိုင်းရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ လက်ရွေးစင်အိမ်မက်ကို ပုံဖော်နိုင်မယ့် ပြိုင်ပွဲ ဖြစ်နေတာကြောင့် အကြိတ်အနယ်ဖြစ်လာမှာ သေချာနေပါတယ်။လူငယ်လိဂ်အမှတ်ပေးပြိုင်ပွဲများအနက် အခက်အခဲဆုံး ပြိုင်ပွဲတစ်ရပ်လို့ လက်ခံထားကြတဲ့ ယခုပြိုင်ပွဲက လာမယ့် ဇန်နဝါရီ ၂၄ ရက်နေ့ဆို စတင်နေပြီလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League's Facebook Page

ပွဲဦးထွက် ပွဲစဉ်(၁) မှာတော့ ရတနာပုံအသင်းနဲ့ ရခိုင်ယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နဲ့ ဆောက်သမ်းမြန်မာ၊ ယူနီဗာစတီနဲ့ ဧရာဝတီယူနိုက်တက်၊ ISPE (အား/ကာသိပ္ပံ)နဲ့ ဇွဲကပင်ယူနိုက်တက်၊ မောရဝတီနဲ့ ယောမြေအက်ဖ်စီ၊ မြဝတီအက်ဖ်စီနဲ့ ချင်းလန်းအက်ဖ်စီ၊ ရှမ်းယူနိုက်တက်နဲ့ ကချင်ယူနိုက်တက်၊ မကွေးအက်ဖ်စီနဲ့ စစ်ကိုင်းယူနိုက်တက်၊ ချင်းယူနိုက်တက်နဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။

Photo Credit - Myanmar National League's Facebook Page

Source - Myanmar National League's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။