ပရိသတ်အချစ်တော် အဆိုတော်မလေး အိမ့်ချစ်ကတော့ ဇာတ်ခုံမြင့်တွေပေါ်မှာ အားရပါးရဖျော်ဖြေတက်တဲ့ သူပဲဖြစ်ပါတယ်နော်။ သူမရဲ့ အဖေဖြစ်သူ ချစ်ကောင်းရဲ့ ခြေရာကိုနင်းနိုင်သူလည်းဖြစ်ပါတယ်။ အသံအားကောင်းလွန်းတာကြောင့် သူမရဲ့ သီချင်းတွေကလည်း အောင်မြင်နေပါတယ်နော်။ သူမက သီချင်းဆိုတာလည်းကောင်းသလို သီချင်းရေးတဲ့နေရာမှာလည်း တော်တာကိုလည်းတွေရပါတယ်။ အဆိုတော်မလေးအိမ့်ချစ်ဟာ ဆယ်ကျော်သက်အရွယ်ထဲက သီချင်းတွေ ဆိုခဲ့တာပဲဖြစ်ပါတယ်။

Photo Cerdit;Eint Chit's facebook account
Photo Cerdit;Eint Chit's facebook account

သူမဝါသနာပါတဲ့ အဆိုတော်အလုပ်ကိုလည်းလုပ်ရင်း မကြာခဏဆိုသလို ပရဟိတလေးတွေကို လုပ်တတ်သူလည်းဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓါတ်လေးကလည်း ပရိသတ်တွေကို အချစ်ပိုမိစေခဲ့ပါတယ်။ ဒါ့အပြင် အဆိုတော်အိမ့်ချစ်ဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယခုလက်ရှိအနုပညာလှုပ်ရှားမှုကတော့ Showပွဲတွေဆက်တိုက် ဖျော်ဖြေနေရတာလည်းဖြစ်ပါတယ်။ သူမရဲ့ အိမ်မှာနားနေတဲ့ အခိုက် ဗုဒ္ဓဂါယာမှ ဆုတောင်းပြည့် အေးချမ်းအောင်မြေဘုရား အိမ့်သို့ ပင့်ဆောင်ပူဇော်နေပုံကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှ တဆင့် ပရိသတ်တွေကို မျှဝေခဲ့တာပဲဖြစ်ပါတယ်။

Photo Cerdit;Eint Chit's facebook account

အဆိုတော်မလေးအိမ့်ချစ်က “ဗုဒ္ဓဂယာမှ ဆုတောင်းပြည့် အေးချမ်းအောင်မြေအုတ်ခွက် ဘုရားကြီးအား(၂၃)ကြိမ်မြောက်အဖြစ် နေအိမ်တွင်ပင့်ဆောင်ပူဇော်ခဲ့ပါသည်”ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပရိသတ်တွေဖူးမြော်နိုင်အောင် တင်ပေးခဲ့ခြင်းဖြစ်ပါတယ်။အိမ့်ချစ်တင်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Cerdit;Eint Chit's facebook account

Source;Eint Chit's facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။