ပရိတ်သတ်တွေကိုရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကိုပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်။သူဟာအနုပညာလောကမှာဆယ်စုနှစ်နှစ်ခုနီးပါးတိုင်အောင်ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီးပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ဦးခင်လှိုင်ဟာလတ်တလောတွင်ရုပ်ရှင်ကားကြီးများအဆက်မပြတ်ရိုက်ကူးနေပြီး မိသားစုကိုလည်းအချိန်ပေးကာပျော်ရွှင်သာယာနေတာပဲဖြစ်ပါတယ်။


Photo Credit-Khin Hlaing's Facebook's acc
Photo Credit-Khin Hlaing's Facebook's acc

မကြာသေးမီက ဦးခင်လှိုင်ဟာသူ့ရဲ့facebookစာမျက်နှာတွင် လူငယ်လေးတစ်ဦးပါဆိုတဲ့captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။သူဟာ ဂျင်းဝမ်းဆက်ကိုဝတ်ဆင်ထားပြီးလူငယ်ဆန်ဆန်ဦးထုပ်လေးကိုလည်းဆောင်းထားပါသေးတယ်။ဦးခင်လှိုင်တစ်ယောက်ကတော့တစ်ကယ့်ကို အခုချိန်ထိတက်ကြွလန်းဆန်းနေတုန်းပါပဲနော်။


Photo Credit-Khin Hlaing's Facebook's acc
Photo Credit-Khin Hlaing's Facebook's acc

ဦးခင်လှိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ပျံကျကူလီဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်းမကြာခင်တွင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောဒီဇာတ်ကားကြီးရုံတင်ရင်သွားရောက်အားပေးကြမယ်မလား။လူငယ်တစ်ဦးလိုနုပျိုတက်ကြွနေတဲ့ဦးခင်လှိုင်ရဲ့ပုံတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khin Hlaing's Facebook's acc
Photo Credit-Khin Hlaing's Facebook's acc

Source-Khin Hlaing's Facebook acc

Photo Credit-Khin Hlaing's Facebook's acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။