ပရိသတ်ကြီးရေ အဆိုတော်ရဲရင့်အောင်နဲ့မော်ဒယ်လ်သရုပ်ဆောင် ဧငြိမ်းဖြူတို့ ချစ်သူနှစ်ယောက်ဟာဆိုရင် အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ပရိသတ်မေတ္တာကိုခံယူထားတဲ့အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ဧငြိမ်းဖြူကတော့ ကြော်ငြာတွေအများအပြားလည်းရိုက်ကူးနေပြီး Mrtv ကထုတ်လွှင့်တဲ့ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်တာကိုတွေ့ရပါတယ်နော်။ရဲရင့်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်ပြီး သီချင်းအသစ်တွေကိုလည်းဆက်လက်ဖန်တီးနေတာဖြစ်ပါတယ်။

Photo Credit; Shein Khant Aung
Photo Credit; Shein Khant Aung
Photo Credit; Shein Khant Aung

ရဲရင့်အောင်နဲ့ဧငြိမ်းဖြူတို့ချစ်သူနှစ်ယောက်ဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့ရွှေလက်တွဲနေတဲ့ အားကျစရာစုံတွဲလေးဖြစ်ပါတယ်နော်။ရဲရင့်အောင်ကလည်း ချစ်သူလေးကိုအလိုလိုက်အကြိုက်ဆောင်ပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့အပြင် ဧငြိမ်းဖြူကလည်းချစ်သူကိုနားလည်မှုအပြည့်ပေးပြီး တစ်ခါတစ်လေလည်းကလေးဆိုးလေးလိုချွဲနွဲ့တတ်တာကြောင့် သူတို့နှစ်ယောက်ရဲ့ချစ်သူဘဝလေးက သာယာနွေးထွေးမှုအပြည့်ပါပဲနော်။

Photo Credit; Shein Khant Aung
Photo Credit;A Nyein Phyu's Facebook Account

အခုဆိုရင်တော့ ရဲရင့်အောင်တို့ချစ်သူနှစ်ယောက်က ရွှေလက်တွဲလာကြတာ (၃)နှစ်ပြည့်သွားပြီဖြစ်လို့ ဧငြိမ်းဖြူကတော့"အခြားအရာတွေဘာတွေမှလဲ လိုက်လဲမကြည့်ဘူး စိတ်လဲမဝင်စားဘူး မက်လဲမမက်မောဘူး.....ဒါပေမဲ့ ဘေးနားမှာ ဒီဘဲကြီးရှိနေဖို့ တစ်ခုပဲမက်မောတယ် Happy 3years Anniversary "ဆိုပြီး ချစ်သူနှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုမျှဝေလာပြီး ချစ်တဲ့အကြောင်းတွေကိုရေးသားထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit;A Nyein Phyu's Facebook Account
Photo Credit;A Nyein Phyu's Facebook Account
Photo Credit;A Nyein Phyu's Facebook Account

Photo Credit;A Nyein Phyu's Facebook Account

Source:A Nyein Phyu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။