Mrtv-4 ဇာတ်လမ်းတွဲများနဲ့ပရိတ်သတ်တွေအားပေးမှုရရှိလာခဲ့ပြီး ချောမောလှပတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေးသံသာမိုးသိမ့်ပါ။ သူမဟာ မနေ့ကဖြစ်သည်၂ ကျွန်မကမဟေသီဆိုတဲ့ ဇာတ်လမ်းတွဲများတွင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေ နဲ့အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်။ သံသာမိုးသိမ့်ဟာဇာတ်လမ်းတွဲများအပြင် ရုပ်ရှင်ကားကြီးများကိုပါရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။

Photo Credit-Ko Bhone
Photo Credit-Ko Bhone

မကြာသေးမီက သံသာမိုးသိမ်ဟာ သူမရဲ့facebookစာမျက်နှာတွင်မြန်မာမလေးတွေကမှတစ်ကယ်ချစ်စရာကောင်းတာပါနော် မယုံရင်ဒီပုံတွေသာကြည့် ဆိုတဲ့captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူမဟာ ချစ်စရာခရမ်းရောင်မြန်မာဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ဆံပင်လေးကိုထုံးဖွဲ့ကာ ပန်းလေးကိုလည်းပန်ဆင်ထားတာဖြစ်ပါတယ်။ မင်းသမီးလေးသံသာမိုးသိမ့်ကတော့ ကြည့်လိုက်တိုင်းရင်အေးသွားစေတဲ့အလှမျိုးလေးပါပဲနော်။

Photo Credit-Ko Bhone
Photo Credit-Ko Bhone

သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့လေးပါးကျော့ရှိန် ဝရဇိန်ဆိုတဲ့ရုပ်ရှင်ကားကြီးဟာ ယခုနှစ်အကယ်ဒမီပွဲကြီးရဲ့ ဇကာတင်ဆုစာရင်းထဲကိုလည်းဝင်ခဲ့တဲ့အတွက် သံသာမိုးသိမ့်တစ်ယောက်ဝမ်းသာပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။ပရိတ်သတ်ကြီးရောသံသာမိုးသိမ့်လေးကိုအားပေးကြတယ်မလား။မြန်မာဆန်ဆန်လေးနဲ့ကျက်သရေရှိနေတဲ့မင်းသမီးချောလေးသံသာမိုးသိမ့်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ko Bhone
Photo Credit-Ko Bhone

Source-Than Thar Moe Theint's Facebook acc

Photo Credit-Ko Bhone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။