ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး ငလျင်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Arica" ငလျင်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ငလျင်အကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်နော်။

Photo credit WIKIPEDIA

၁၈၆၈ ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် လှုပ်ခတ်ခဲ့တဲ့ ပစိဖိတ် မြစ်ဝှမ်း မြေငလျင်ကြောင့် ဟာဝိုင်ရီကျွန်းဟာ ဆူနာမီ ရေလှိုင်းများဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်။ တောင်အမေရိက ဒေသဟာ ထိုငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ကြီးမားသော ပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ အာရီကွီပါမြို့ဟာ ပြင်းထန်စွာ ပျက်စီးခဲ့ပါတယ်။ လူပေါင်း ၂၅၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ငလျင် လှုပ်ခါမှုကို အလွန်ဝေးကွာသော ဘိုလီးဗီးယားနိုင်ငံ၊ လာပက်ဇ် မြို့မှပင် သိရှိ ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

Photo credit WIKIPEDIA

ငလျင်လှုပ်ပြီး လေးနာရီ အကြာတွင် ၁၆ မီတာခန့်အထိမြင့်သော ရေလှိုင်းများဟာ ပင်လယ်ကမ်းခြေသို့ တက်လာခဲ့ပါတယ်။ အမေရိကန် စစ်သင်္ဘောကြီး တစ်စီးဟာ ရေလှိုင်းများ ပုတ်ခတ်မှုကြောင့် ကုန်းတွင်းပိုင်း နှစ်မိုင်အထိ ရောက်သွားခဲ့ကာ ၆၆ မီတာ မြင့်သော ကျောက်နံရံတစ်ခုရဲ့ အစွန်းမှာ ပြုတ်ကျလုဆဲဆဲ တင်နေခဲ့ပါတယ်။ ထိုကြောက်မက်ဖွယ်ကောင်းတဲ့ ငလျင်ကြီးရဲ့ လှုပ်ခတ်မှု ပြင်းအားကတော့ (၉) ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit WIKIPEDIA 

Photo credit WIKIPEDIA
Photo credit WIKIPEDIA

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။