အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်အဖြစ် ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးခဲ့တဲ့ ဝါဆိုမိုးဦးက နောက်ပိုင်းမှာ သီချင်းတွေပါ သီဆိုလာခဲ့တာဖြစ်ပါတယ်။ အသံချိုချိုလေးနဲ့ သီချင်းတွေသီဆိုတတ်တဲ့ ဝါဆိုက Single Song တွေလည်း ထွက်ရှိအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Warso Moe Oo's FB Acc
Photo Credit- Warso Moe Oo's FB Acc
Photo Credit- Warso Moe Oo's FB Acc

သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ ဝါဆိုမိုးဦးက အဆိုတော်ဖြိုးလေးရဲ့ချစ်သူလေးပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးကတော့ နားလည်မှုအပြည့်နဲ့လက်တွဲလာခဲ့တာက အခုဆိုရင် ချစ်သူသက်တမ်း (၄) နှစ်ကျော်တောင်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခုတော့ ဝါဆိုမိုးဦးတို့စုံတွဲလေးက ငပလီကမ်းခြေကို အပန်းဖြေခရီးထွက်ပြီး ပျော်ရွှင်ကြည်နူးစွာ အနားယူနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Warso Moe Oo's FB Acc
Photo Credit- Warso Moe Oo's FB Acc
Photo Credit- Warso Moe Oo's FB Acc

ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာကြတဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးက အခုလည်း ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို Tik Tok မှာတင်ထားပါတယ်။ ဝါဆိုတို့ချစ်သူနှစ်ဦးက မကြာသေးခင်ကမှထွက်ရှိထားတဲ့ "အလိုအပ်ဆုံးအရာ" သီချင်းလေးနဲ့ Romantic ဆန်ဆန်ဗီဒီယိုလေးရိုက်ကူးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Warso Moe Oo's Tik Tok Acc 

Photo Credit- Warso Moe Oo's FB Acc
Photo Credit- Warso Moe Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။