ဒီတစ်ပါတ် ဗဟုသုတ ကဏ္ဍအစီအစဉ်ကနေပြီးတော့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ "Dragon blood tree" အကြောင်းကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်တစား ဖတ်ရှုရအောင် ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ နဂါးသွေး သစ်ပင်အကြောင်း မဖော်ပြသေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports) အပါအဝင်၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်တာ မမေ့ဖို့ မှာကြားချင်ပါတယ်နော်။

photo credit pngtree

အဲ့ထူးဆန်းသော သစ်ပင်ကြီးကို ဘာကြောင့် "Dragon blood tree" ဆိုပြီး ခေါ်ဆိုရတဲ့ အကြောင်းအရင်းက သူရဲ့ ပင်စည်ကို ခုတ်ပိုင်းလိုက်ရင် အနီရောင် ပျစ်ပျစ်နှစ်နှစ် (နဂါးသွေးပုံစံ) သစ်စေးတွေ ထွက်လာလို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ အဲ့သစ်ပင်ကြီးရဲ့ ပုံသဏ္ဍာန်က ထီးပုံစံ ဖြစ်နေတာကို ပရိသတ်ကြီး မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့သစ်ပင်ကြီးက ဘယ်ရီသီးလောက်ရှိတဲ့ အသီးတွေလည်း သီးပါသေးတယ်။ အဲ့ သစ်ပင်ကြီးကို "Dragon blood tree" (သို့မဟုတ်) "Socotra dragon tree" လို့လည်း လူသိများ ပြောဆို သုံးနှုန်းကြတာ ဖြစ်ပါတယ်။

photo credit pngtree

"The World's Most Amazing Trees" ဆိုပြီး ဗီဒီယိုနဲ့ပါ You tube social media ပေါ်တွင် မှတ်တမ်းတင် အသိအမှတ်ပြုခံထားရတဲ့ အဆိုပါ သစ်ပင်ကြီး ပေါက်ရောက်လေ့ရှိတဲ့ နေရာကို ပရိသတ်ကြီး သိချင်နေကြပြီ ဖြစ်မှာပါ။ အဲ့လို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ သစ်ပင်ကြီးကို ယီမင်နိုင်ငံရဲ့ လက်အောက်ခံလို့ ပြောရမယ့် "Socotra" ဆိုသော ကျွန်းနိုင်ငံမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။ နဂါးသွေးလို့ ခေါ်ဝေါ်ကြတဲ့ အဲ့သစ်ပင်ကြီးမှာ အမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘယ်ရီသီးသာသာရှိသော အသီးလေးတွေက မြင်သူတကာကို စားချင်စဖွယ် ဖြစ်အောင် ဆွဲဆောင်နေတာ ဖြစ်ပါတယ်။

Source Once A Glance Page

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။