ပရိသတ်ကြီးရေ တေးသံရှင်ချမ်းချမ်းကတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိထားပြီး ပရိသတ်မေတ္တာကိုခံယူထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ချမ်းချမ်းရဲ့တေးသီချင်းကောင်းလေးတွေကိုလည်း ပရိသတ်တွေကတစ်ခဲနက်အားပေးဝန်းရံကြပြီး ယနေ့ချိန်ထိတိုင်မရိုးသွားဘဲ ခံစားနားထောင်လို့ကောင်းတဲ့သီချင်းလေးတွေပဲဖြစ်ပါတယ်။ချမ်းချမ်းကတော့ လတ်တလောမှာလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်လို့ ပရိသတ်တွေနဲ့မကင်းကွာသွားပါဘူးနော်။

Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account

ချမ်းချမ်းကတော့ သူမနဲ့ချွတ်စွပ်တူတဲ့သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးသမီးလေးကိုလည်း မားမားမတ်မတ်ရပ်တည်ပြီးပြုစုစောင့်ရှောက်နေတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ချမ်းချမ်းရဲ့သမီးလေးက ပညာရေးမှာလည်းထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိလို့ ချမ်းချမ်းက သမီးကောင်းရတနာလေးကိုပိုင်ဆိုင်ထားတာပါ။အခုဆိုရင်တော့ ချမ်းချမ်းက သမီးလေး(၆)နှစ်ပြည့်မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ ပျော်ရွှင်အောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account

"သမီးလေး 6နှစ်ပြည့်မွေးနေ့..သူ့ရဲ့ကျောင်းမှာ.မွေးနေ့ကိတ်ခွဲပေး..သူငယ်ချင်းတေကိုရောင်စုံစာအုပ်..မုန့်.စတစ်ကာလေးတေပေး..အားလုံးပျော်ကြတော့ကိုယ်ပင်ပန်းရကျိုးနပ်ပါတယ်..မနက်စာစားဖို့အချိန်မရလို့တနေကုန် အုန်းနို့ခေါက်ဆွဲတပွဲနဲ့တနေ့လုံးအသက်ဆက်...ညနေကျ old schokl restaurant n bar မှာဆုံကြမယ်နော်..ပရိတ်သတ်ကြီး..ဒီည ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်သီချင်းဆိုပေးဖို့ရှိလို့နေ့ဘက်သမီးမွေးနေ့လေးအပြေးအလွှားအချိန်ပေး..."ဆိုပြီး ချမ်းချမ်းက ရေးသားထားကာ အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account

Photo Credit:Chan Nyein's Facebook Account

Source:Chan Nyein's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။