Game Of Thrones ဆိုတဲ့ Series ပိုင်းကြီးကို ပရိသတ်တွေ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ လူအားပေးမငများခဲ့ပြီး အောင်မြင်ခဲ့တဲ့ Series လဲဖြစ်ပါတယ်။ ခုဆိုရင်လဲ Game Of Thrones ဟာ ဂိမ်းတစ်ခုအနေနဲ့ Mobile ပေါ်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ပရိသတ်တွေထဲက တချို့လဲဆော့ကစားနေကြမယ်လို့ထင်ပါတယ်။ ဂိမ်းဟာလဲ ကားလိုပါပဲ.... အမိန့်ပေးဆော့ရတဲ့ ဂိမ်းဖြစ်ပါတယ်။ 

ကိုယ်ပိုင်စစ်တပ်တစ်ခုနဲ့အတူ စိတ်ကြိုက်နဂါးတစ်ကောင်ကို မွေးမြူထားရပြီး အင်းအားစုကာ Iron Thrones နဲ့ Seven Kingdoms ကို အပိုင်စီးရဖို့အတွက် တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ကြိုက်တဲ့ kingdom တစ်ခုကိုရွှေးချယ်ပြီး ကိုယ့်ရဲ့စစ်တပ်တွေနဲ့အတူ တစ်ကမ္ဘာလုံးမှာ ဆော့ကစားနေကြတဲ့ Player တွေနဲ့အတူ တိုက်ပွဲဝင် တိုက်ခိုက်ရမှာပါ။ Strategy RPG ဂိမ်းအမျိုးအစားဖြစ်တဲ့အတွက် အကွက်ကျကျဆော့ကစားချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။  

ဒီဂိမ်းဟာဆိုရင် ဆုရရှိခဲ့တဲ့ HBO Series ကို အခြေခံထားတာဖြစ်ပြီး Strategy RPG ဂိမ်းအမျိုးအစားဖြစ်ပြီး ကစားသူကို Westeros မှာ Lord ဖြစ်စေမှာပါ။ အဲ့ကနေတစ်ဆင့် Seven Kingdoms နဲ့ Iron Thrones ကိုအပိုင်ရဖို့အတွက် တိုက်ခိုက်ရမှာဖြစ်ပါတယ်။ GOT ကိုနှစ်ကြိုက်တဲ့သူတွေအတွက်အဆင်ပြေစေပြီး Seven Kingdom လဲ သင့်နာမည်ကို မှတ်မိနေဖို့ရာ ဆော့ကစားလိုက်ပါ။ 

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။