Mrtv-4ရဲ့မင်းသမီးချောလေးဖြစ်တဲ့ပိုးကြာဖြူခင်ကို ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာနဲ့အောင်မြင်ကျော်ကြားလာခဲ့ပြီး ပရိတ်သတ်လက်ခံတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်နော်။ ပိုးကြာဖြူခင်ဟာလတ်တလောတွင် ဇာတ်လမ်းတွဲများသာမက showပွဲများပါလိုက်လံသီဆိုနေတာပဲဖြစ်ပါတယ်။


Photo Credit-Poe Kyar Phyu Khin's Facebook acc
Photo Credit-Poe Kyar Phyu Khin's Facebook acc

မကြာသေးမီက ပိုးကြာဖြူခင်ဟာ သူမရဲ့facebookစာမျက်နှာတွင် ဒါဘယ်နေရာလေးလဲသိလားဆိုတဲ့Captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူုမဟာဘုရားဖူးရောက်နေတာဖြစ်ပြီး ဘုရားရင်ပြင်ပေါ်မှာရှိတဲ့ ရုပ်ထုလေးတွေနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်ပိုးကြာဖြူခင်ဟာပန်းလေးတွေလည်းကိုင်ထားပြီး ကျက်သရေရှိစွာရိုးရိုးယဉ်ယဉ်လေးလှနေတာပါနော်။


Photo Credit-Poe Kyar Phyu Khin's Facebook acc
Photo Credit-Poe Kyar Phyu Khin's Facebook acc

ပိုးကြာဖြူခင်ဟာ လတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး သီချင်းအသစ်တွေလည်းကြိုးစားဖန်တီးနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ပိုးကြာဖြူခင်ကိုအားပေးကြမယ်မလား။ ကျက်သရေရှိစွာ ရိုးရိုးယဉ်ယဉ်လေးလှနေတဲ့ပိုးကြာဖြူခင်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's Facebook acc
Photo Credit-Poe Kyar Phyu Khin's Facebook acc

Source-Poe Kyar Phyu Khin's Facebook acc

Photo Credit-Poe Kyar Phyu Khin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။