ထူးထူးဆန်းဆန်း အသက်ရှည်နည်းလမ်းတွေဖြင့် နှစ်ရာနဲ့ချီပြီး အသက်ရှင်နေထိုင်ခဲ့တဲ့ သူတွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ "Agnes Fenton" ဆိုတဲ့ အဖွားအိုအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ အဖွားအိုအကြောင်း မဖော်ပြသေးခင်မှာ လတ်တလောအနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မှာကြားချင်ပါတယ်နော်။

Photo credit pngtree

အမေရိကန် နိုင်ငံ၊ နယူးဂျာစီမှာ မွေးဖွားခဲ့တဲ့ "အန်းန်စ် ဖန်တန်"ဟာ ၂၀၁၅ ခုနှစ် ဇူလလိုင်ရဲ့ မှတ်တမ်းကောက်ချက်အရ အသက် ၁၁၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲ့အဖွားအိုဟာ သူမ အသက်ရှည်ရခြင်း လျှို့ဝှက်ချက် နည်းလမ်းကို မကွယ်လွန်မီ အချိန်ကာလလေးမှာ အားလုံးကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အဖွားအို ဖန်တန်ဟာ နှစ်ပေါင်း ကြာရှည်စွာ အသားကျိတ် ရောဂါကို ခံစားခဲ့ရပြီး မကြာခဏ ဆိုသလို သေလုမျောပါး ဖြစ်ခဲ့ပါတယ်။ အဲ့လိုနဲ့ သူ့ကို ဆရာဝန်က အနာသက်သာအောင်ဆိုပြီး တစ်နေ့လျှင် ရှန်ပိန် ဘီယာရော၍ သုံးပုလင်းသောက်ရန် အကြံပေးခဲ့တာ ဖြစ်ပါတယ်။

Photo credit pngtree

အဲ့ဒါကြောင့် အဖွားအို ဖန်တန်ဟာ သူ အသက် ၇၀ အရွယ်မှစတင်ပြီး ဆရာဝန် မှာကြားတဲ့အတိုင်း လိုက်နာကာ တစ်နေ့လျှင် ဘီယာ သုံးပုလင်းကို စကော့ဝီစကီ အနည်းငယ် ရော၍ သောက်သုံးခဲ့ပါတယ်။ နောက်ပိုင်းတွင် ဖန်တန်ဟာ အစားလျော့နည်းလာသဖြင့် ပြုစုစောင့်ရှောက်နေသူများက အရက်သောက်ဖို့ကို လုံးဝခွင့်မပြုတော့ပါဘူး။ သူမရဲ့ အသက် ၁၁၀ ပြည့်မွေးနေ့မှာတော့ အရက်သောက်လိုကြောင်း တောင်းခံခဲ့သဖြင့် ဝီစကီ အနည်းငယ်သာ သောက်ခွင့်ပြုခဲ့ပါတယ်။ ၂နှစ်ကြာပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့ပြီး အသက် ၁၁၂ နှစ်နှင့် ၂၃ ရက် ကြာ နေထိုင်သွားခဲ့သူအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသူ အဖွားအို "Agnes Fenton" ဟာ တစ်ကယ်ပဲ သူ့ရဲ့ ခန္ဓာကိုယ်က alcohol ဓာတ်ကြောင့် လူ့ပျမ်းမျှသက်တမ်းထက် ကျော်လွန်ပြီး နေနိုင်သွားတာလား၊ ဒါမှမဟုတ် သေနေ့မစေ့သေးလို့ပဲ မသေတာလား...ဆိုတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်လေးတွေကို မန့်ပေးသွားပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။