သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ရဲ့ သားလေးဘုန်းမင်းနေလကတော့ အနုပညာလောကကို စတင်အခြေချနေပြီဖြစ်တဲ့ တက်သစ်စအနုပညာရှင်လေးပဲ ဖြစ်ပါတယ်။ ပြီးခဲ့နှစ်ကအကယ်ဒမီပေးပွဲမှာ ရွှေကြိုမောင်လေးအဖြစ်ပါဝင်ခဲ့တဲ့ ဘုန်းမင်းနေလက နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်လာရတာ ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ရုပ်ရည်လေးလည်းချောမောတဲ့ ဘုန်းမင်းနေလကိုတော့ ပျိုမဒီလေးတွေကဝန်းရံနေရတာလည်း ဖြစ်ပါတယ်။

Photo Credit- Phonemin Nay La's FB Acc
Photo Credit- Phonemin Nay La's FB Acc
Photo Credit- Phonemin Nay La's FB Acc

ဘုန်းမင်းနေလက ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး မေမေခင်ဇာခြည်ကျော်ရဲ့အနုပညာအမွေကို ဆက်ခံထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဘုန်းမင်းက ကြော်ငြာလေးတွေရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာဖြစ်ပါတယ်။ အခုလည်း ဘုန်းမင်းနေလက မင်းသမီးချောလေး ခေးဆက်သွင်နဲ့အတူ ရိုက်ကူးရေးပြုလုပ်နေတဲ့ပုံလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit- Khay Sett Thwin's FB Acc
Photo Credit- Phonemin Nay La's FB Story

ဒီနေ့မှာတော့ ဘုန်းမင်းနေလနဲ့ ခေးဆက်သွင်တို့နှစ်ယောက်က "Alexandre Christie " နာရီအမှတ်တံဆိပ်အတွက် Commercial လေးရိုက်ကူးပေးနေတာဖြစ်ပါတယ်။ အဖြူရောင်ဖက်ရှင်လေးတွေ ဆင်တူဝတ်ပြီး အတွဲညီညီသရုပ်ဆောင်နေကြတဲ့ ရိုက်ကွင်းပုံလေးတွေကိုတော့ ဘုန်းမင်းနေလက "မမနဲ့" ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘုန်းမင်းနေလနဲ့ ခေးဆက်သွင်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Phonemin Nay La's FB Story 

Photo Credit- Phonemin Nay La's FB Story
Photo Credit- Khay Sett Thwin's FB Acc
Photo Credit- Phonemin Nay La's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။