အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပုရိသတွေရဲ့အသည်းကိုဖမ်းစားထားနိုင်ပြီး ချစ်စရာကောင်းလှတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေးအိချောပိုပါ။ သူမဟာဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့ပရိတ်သတ်ရင်ထဲရောက်ရှိလာပြီး အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အိချောပိုဟာ လတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး ရုပ်ရှင်ကားကြီးများလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။


Photo Credit-Ei Chaw Po's Facebook acc
Photo Credit-Ei Chaw Po's Facebook acc

မကြာသေးမီက အိချောပိုဟာသူ့ရဲ့facebookစာမျက်နှာတွင် Players(ပလေယာ)ရုပ်ရှင်ကားမှာဘယ်လိုတွေသောင်းကျန်းထားမလဲဆိုတာ မကြာမီမှာတွေ့ရပါတော့မယ်ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူမဟာဆာရီအနီရောင်လေးကိုဝတ်ဆင်ထားပြီး တစ်ကယ့်အိန္ဒိယမလေးလိုချောမောနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ ဆာရီဝတ်စုံလေးနဲ့လည်း ချစ်စရာကောင်းတဲ့tik tokလေးကိုရိုက်ထားပါသေးတယ်နော်။


Photo Credit-Ei Chaw Po's Facebook acc
Photo Credit-Ei Chaw Po's Facebook acc

အိချောပိုပါဝင်သရုပ်ဆောင်ထားတဲ့ ပလေယာဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း မကြာခင်အချိန်တွင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးရုံတင်ရင်ရောပရိတ်သတ်တွေအားပေးကြမယ်မလား။ အိန္ဒိယမလေးလိုချောမောလှပနေတဲ့ အိချောပိုရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Ei Chaw Po's Facebook acc
Photo Credit-Ei Chaw Po's Facebook acc

Source-Ei Chaw Po's Facebook acc

Photo Credit-Ei Chaw Po's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။