အဆိုတော်ကောင်းကောင်းကတော့ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အချစ်သီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ကောင်းကောင်းကတော့ ယခုမှာ သီချင်းသစ်လေးတွေ ထွက်ရှိဖို့ ကြိုးစားနေပါတယ်။

photo credit : (Hsu photography ) Kaungkaung Karen 's facebook page
photo credit : (Hsu photography ) Kaungkaung Karen 's facebook page

ကောင်းကောင်းကတော့ သီချင်းသစ်လေးတွေကို ပရိသတ်တွေ ရှေ့ချပြဖို့ ကြိုးစားနေသလို မိသားစုကို အချိန်အပြည့်အဝပေးနေပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ချစ်ဇနီးချောလေးနဲ့ အတူ တည်ဆောက်ထားနိုင်တဲ့ ကောင်းကောင်းကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

photo credit : (Hsu photography ) Kaungkaung Karen 's facebook page
photo credit : (Hsu photography ) Kaungkaung Karen 's facebook page

ယခုမှာတော့ ကောင်းကောင်းတို့ မိသားစုလေးဟာ တရုတ်ရိုးရာဝတ်စုံလေးတွေနဲ့ အထာကျကျဂေါ်နေပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ ကောင်းကောင်းတို့ မိသားစုရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေပြီး ချစ်ပရိသတ်တွေအတွက် ကောင်းကောင်းတို့ မိသားစုရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Kaungkaung Karen 's facebook page 

photo credit : (Hsu photography ) Kaungkaung Karen 's facebook page
photo credit : (Hsu photography ) Kaungkaung Karen 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။