သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ခင်ပွန်းဖြစ်သူနဲ့ထိမ်းမြားလက်ထပ်ပြီးကတည်းက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ အခုဆိုရင် သဉ္ဇာနွယ်ဝင်းက ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကို ခဏရပ်နားထားတာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်သွားတဲ့ သဉ္ဇာနွယ်ဝင်းကတော့ အရင်ထက်ပိုလှလာပြီး တစ်သွေးမွေးတစ်သွေးလှနေဆဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwe Win's FB Acc
Photo Credit- Thinzar Nwe Win's FB Acc
Photo Credit- Thinzar Nwe Win's FB Acc

သဉ္ဇာနွယ်ဝင်းရဲ့ပထမဆုံးသားဦးလေးဖြစ်တဲ့ Peach လေးကတော့ ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို ရရှိထားတဲ့ ကလေးလေးဖြစ်ပါတယ်။ အဆော့သန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ Peach လေးက လုံးလုံးကစ်ကစ်လေးနဲ့ တကယ့်ကို အသည်းယားစရာလေး ဖြစ်ပါတယ်။ အခုလည်း မေမေသဉ္ဇာနွယ်ဝင်းက သားသား Peach လေးနဲ့အတူ မိသားစုသုံးယောက်ပျော်ရွှင်နေတဲ့ ပုံလေးတွေကို တင်ထားပါတယ်။

Photo Credit- Thinzar Nwe Win's IG Acc
Photo Credit- Thinzar Nwe Win's IG Acc
Photo Credit- Thinzar Nwe Win's IG Acc

ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သူမတို့မိသားစုရဲ့ပုံလေးတွေမှာတော့ မေမေသဉ္ဇာနွယ်ဝင်းက ပန်းစည်းလေးပိုက်ပြီး ပြုံးပျော်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သားသား Peach လေးကလည်း ကားပေါ်မှာတက်ပြီး ဆော့ကစားနေတာလေးကလည်း ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ ကြည်နူးစရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Thinzar Nwe Win's IG Acc

Photo Credit- Thinzar Nwe Win's IG Acc
Photo Credit- Thinzar Nwe Win's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။