ချစ်စရာအမြွှာလေးနှစ်ယောက်ဖြစ်တဲ့ခေတ်နဲ့သစ်ရဲ့ မေမေချစ်သုဝေကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်။သူမဟာ သာယာပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး သူမချစ်တဲ့အနုပညာလုပ်ငန်းတွေကိုလည်း အဆက်မပြတ်ရအောင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။မင်းသမီးလည်းဖြစ် အဆိုတော်လည်းဖြစ်တဲ့ချစ်သုဝေဟာ စိတ်သဘောထားပြည့်၀တဲ့သူလေးတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေကျန်းမာရေးဗဟုသုတလေးတွေလည်းမျှဝေပေးလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

Photo Credit-Chit Thu Wai's Facebook acc
Photo Credit-Chit Thu Wai's Facebook acc

မကြာသေးမီက ချစ်သုဝေဟာသူ့ရဲ့facebookစာမျက်နှာတွင် ခုချိန်ထိတော့ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေဟာငွေနဲ့၀ယ်လို့မရသေးဘူး မိသားစုရယ် သီချင်းတွေရယ်ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးခဲ့ပါတယ်။ချစ်သုဝေဟာသီချင်းတွေကို အားပါးတရသီဆိုဖျော်ဖြေနေတာဖြစ်ပြီး သူမချစ်တဲ့အနုပညာအလုပ်‌ကိုပျော်ရွှင်စွာလုပ်ကိုင်‌နေတာပဲဖြစ်ပါတယ်။

Photo Credit-Chit Thu Wai's Facebook acc
Photo Credit-Chit Thu Wai's Facebook acc

ချစ်သုဝေတို့ မိသားစုလေးဟာ တစ်ဦးနဲ့တစ်ဦးဖေးဖေးမမနဲ့ ချစ်ခင်စွာနေထိုင်ကြတာဖြစ်ပြီး ချစ်ခင်ပွန်းလင်းလင်းဟာလည်း ကောင်းမွန်တဲ့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်းသူတို့မိသားစုလေးကိုချစ်ကြတယ်မလား။ကြည်နူးပျော်ရွှင်နေတဲ့ချစ်သုဝေရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Chit Thu Wai's Facebook acc
Photo Credit-Chit Thu Wai's Facebook acc

Source-Chit Thu Wai's Facebook acc

Photo Credit-Chit Thu Wai's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။