ကိုကိုနေတိုးရယ် ချောချက်က မင်းသမီးတွေတောင် ရှုံးတယ်

ပရိသတ်ချစ်တဲ့ မင်းသားနေတိုး ယောကျာ်းပီပီသသလည်း ချောသလို မိန်းကလေးလိုပြင်တော့လည်း လှချက်က မင်းသမီးတောင်ရှုံးတယ်။

သူဘာလို့ ဒီလိုပြင်ထားလည်း ဆိုတာကတော့

"တာတေကြီး"ရုပ်ရှင်ဇာတ်ကား poster

ထွက်လာတော့ ကြည့်ချင်မိတာအမှန်ပါ။ ၂၀၁၅ ခုနှစ်ထဲက ရိုက်ခဲ့တဲ့ပုံတွေ ကားမထွက်ခင် မတင်ရလို့ ခုposter ထွက်တော့ တင်လိုက်ပါပြီ။

ရိုက်နေရင်းကြောက်ဖို့ကောင်းသလို။ စိတ်ဝင်စားစရာလဲကောင်းတယ်။ အကို ကိုနေတိုး -ကိုမိန်းကလေးအစစ်တယောက်ထက် မိန်းကလေးလိုဝတ်စားထားတဲ့ ဆံပင်မိတ်ကပ်ပညာရှင်တယောက်ရဲ့ ဝတ်စားဆင်ယင်မှူ့ကို ဆင်ပေးရပါတယ်။ကားရိုက်နေချိန်ပြင်ဦးလွင်မှာ လိုက်နေပေးရပြီး အဝတ်အစားခေါင်းအစ ခြေအဆုံး စီစဉ်ပေးဖြစ်ပါတယ်။ မေဦး မိတ်ကပ်ကို အတိအကျအပိုအလိုမရှိ ပြင်ဆင်ထားပါတယ်။ကိုဝိုင်းကလဲ အသေးစိတ် တိတိကျကျ ပုံဖော်ဖန်တီးထားတယ်။ မကြိုက်ကြိုက်သည်အထိ ရိုက်ခဲ့ကြတာ။

ဒီဇာတ် ကားကို ရိုက်နေချိန်ကြည့်ခဲ့ရပေမယ် ရုပ်ရှင်ရုံတင်ရင် သွားကြည့်ဖို့ အဆင်သင့် စောင့်မျော်နေပါတယ်။ အကိုနဲ့တွေ့တိုင်းတာတေကြီးဘယ်တော့ ထွက်မလဲ မေးရတာ အမောပါဗျာလို့

ဒီဇိုင်နာမင်းသက်စံက တာတေကြီး ရုပ်ရှင်ကားအတွက် ပြင်ဆင်ပေးခဲ့ပုံကို ရေးသားထားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။