ပရိသတ်ကြီးတို့ရဲ့ အားကျကြည်နူးမှုတွေနဲ့အတူ ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာမှုလေးတွေနဲ့ တကယ်ကို ရိုမန်တစ်ဆန်တဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

ရုပ်ရှင်ဇာတ်ကားတွေအတူရိုက်ကူးနေကြတဲ့ ပရိသတ်အချစ်တော်လေး သူတို့နှစ်ယောက်ကတော့ အခုတစ်ခါမှာလည်း နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ကမ်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ ထပ်မံပြီး ရိုက်ကူးဦးမှာဆိုတာ ပရိသတ်တွေကို သတင်းကောင်းလေးပါးချင်ပါတယ်နော်..။

Photo Credit - Aung San Maw
Photo Credit - Aung San Maw

ရွှေရွှေစုံတွဲလေးကတော့ ပြီးခဲ့တဲ့ရက်က ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ကမ်း"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးအခမ်းအနားလေးကိုလည်း ရွှေလက်တွဲပြီးတက်ရောက်ခဲ့ကြပါသေးတယ်..။

ကန်တော့ပွဲအခမ်းအနားလေးကို တက်ရောက်ရင်း ဇနီးမောင်နှံနှစ်ယောက်အတူ ကြည်ကြည်နူးနူးလေး ဘုရားဖူးကုသိုလ်ယူနေကြတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို တကယ်ပဲ သဘောကျအချစ်ပိုစေမှာပါနော်..။

Photo Credit - Aung San Maw
Photo Credit - Aung San Maw
Photo Credit - Aung San Maw

"ဘုရားသွားကန်တော့ပွဲပေး.." ဆိုပြီး ရုပ်ရှင်ကန်တော့ပေးပွဲအခမ်းအနားလေးမှာ ဇနီးမောင်နံှနှစ်ယောက်အတူ ဘုရားဖူးကုသိုလ်ယူခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ရွှေမှုံက ပြန်လည်မျှဝေထားတာပါ..။

ကြည်နူးစွာဘုရားဖူးကုသိုလ်ယူနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်တာမို့ အားပေးစကားလေးတွေနဲ့အတူ အသည်းလေးတွေပေးလိုက်ကြရအောင်နော်..။

Photo Credit - Aung San Maw
Photo Credit - Aung San Maw

Source - Shwe Mhone Yati's Facebook Account

Photo Credit - Aung San Maw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။