အခုအချိန်ထိ လှပနေတဲ့ လျှို့ဝှက်ချက်ကို သန္တာလှိုင်ပြောပြီ

အမကို လှလာအောင် ဘယ်လို ထိန်းသိမ်းပါသလဲ ဘယ်လုပ်ရမလဲ နည်းလမ်းလေးတွေ မျှဝပေးပါ ဆိုပြီးတော့ မေးနေကြတဲ အင်တာဗျူးတွေရော ချစ်ပရိတ်သတ် ကြီးကိုရော ပြောချင်တာ တစ်ခုက လှပလာအောင် မကျန်းမာပဲနဲ့ လုပ်လို့ မရပါဘူး။

အလှ အပအတွက် မလုပ်ခင်မှာ အရင်ဆုံး ဦးတည်ရမှာက ကျန်းမာရေး အတွက်ပါလို့။

ကျန်းမာလာတာနဲ့အမျှ အရင်က ကိုယ်မလုပ်နိုင်တဲ့ အရာတွေ လုပ်ချင်ပေမယ့်လဲ လုပ်ဖို့ energy မရှိလို့ မလုပ်လိုက်ရတဲ့ အရာတွေကို စပြီး လုပ်ဖို့ energy တွေ ရှိလာလိမ့်မယ်။ ကျန်းမာရေးကို ပိုပြီးလိုက်စား တန်ဖိုးထား တတ် လာပါလိမ့်မယ်။

ပိုလုပ်နိုင်လာတာနဲ့ အမျှ ကိုယ့်ကိ်ုယ်ကို ပို လေးစား တန်ဖိုးထားလာ အထင်ကြီးလာ ပါလိမ့်မယ်။ ဘေးနားက လူတွေကလဲ ကိုယ့်ကို ဆက်ဆံတာ လေးစားတာ နေရာပေးတာတွေ ပြောင်းလဲလာ လိမ့်မယ်။

အဲ့ဒါတွေကလဲ ကိုယ့်ကိုယ်ကိုယ် ကိုပြီး ယုံကြည်မှူရှိဖို့ အားတိုးဆေးတွေ ဖြစ်လာလိမ့်မယ်။ self esteem ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှူ တက်လာလေ ကိုယ််ရောင်ကိုယ်ဝါ ကလဲ ပြောင်းလဲလာလေပါပဲ။ ကျန်းမာလာတာနဲ့အမျှ လှပတာတို့ နုပျိုတာတို့ ဆိုတာတွေက သူ့အလိုလို့ လိုက်လာတဲ့ ဘေးထွက် အကျိုးတွေပါ။

ဒာာကြောင့် အဲ့ မေးခွန်းလေးကို ဖြေရမယ်ဆိုရင် ဘာလုပ်လဲ ဆိုတော့

ကျန်းမာအောင်ပဲ သွားလာ နေထိုင်စားသောက် ပါတယ်လို့။

အခုတော့ အရင်က ကလေးနဲ့ လိုက်ပြီး မကစားနိုင်တာတွေ အခု လိုက်နိုင်နေပြီ။ သူ့ကိုချီပြီး ပြေးကစားနိုင်ပြီ။ သူ့မှာ energy ရှိသလောက် ဘေးကနေထိုင်ပြီး ဘယ်က energy တွေဘယ်လိုများထွက်လာလဲလို့ ထိုင်စဉ်းစားနေမယ့်အစား ကိုယ်ပါ လိုက်ပြီး ဆော့နိုင်သွားလာနိုင်နေပါပြီလို့။

စိတ်ရောကိုယ်ပါ ုပျိုတာကတော့ စာနဲ့ ရေးပြမနေတော့ဘူး ေ-ာက်မြင်ကတ်ရင်လဲ ကတ်ပါစေတော့ ပုံပါ တင်လိုက်ပြီ ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။