ပရိသတ်အချစ်တော် မင်းသားချောလေး မြင့်မြတ်နဲ့ မင်းသမီးချောလေး အိချောပိုတို့နှစ်ယောက်ကတော့ လက်ရှိမှာ "အထိန်းတော်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ သိမ်းပိုက်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်နဲ့ အိချောပိုတို့နှစ်ယောက်က မကြာခဏဆိုသလို ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတွဲဖက်ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း သူတို့နှစ်ယောက်ကို အပြတ်အသတ် ချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။

Photo Credit-Myat Wai Tun's FB Acc
Photo Credit-Yan Myo Aung (D-Night)
Photo Credit-Myat Wai Tun's FB Acc

အတွဲညီညီသရုပ်ဆောင်တတ်တဲ့ မြင့်မြတ်နဲ့ အိချောပိုတို့နှစ်ယောက်က အပြင်မှာလည်း တကယ့်ကိုခင်မင်ရင်းနှီးကြတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ သူတို့နှစ်ယောက်က အခုလည်း ဒီဇိုင်နာမျိုးမင်းစိုးနဲ့တွဲဖက်ပြီး Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ကြပါတယ်။ မြင့်မြတ်၊ အိချောပိုနဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့က သုံးယောက်ပေါင်းပြီး သီချင်းလေးတစ်ပုဒ်ကို ကကွက်ဆန်းတွေနဲ့ အားရပါးရကပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

Photo Credit-Ei Chaw Po's FB Acc
Photo Credit-Myat Wai Tun's FB Acc

မြူးကြွတဲ့သီချင်းတီးလုံးလေးအတိုင်း အမိုက်စားကကွက်တွေနဲ့ အပီအပြင်ဒွန့်နေတဲ့ သူတို့သုံးယောက်ရဲ့ဗီဒီယိုလေးကတော့ အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇိုင်နာမျိုးမင်းစိုးက " မြင့်မြတ်နဲ့အိချောပိုတို့ရဲ့အကတွေကသေသွားမယ်လို့" ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်၊ အိချောပိုနဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့ရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit- Myo Minn Soe's FB Acc  

Photo Credit-Myo Minn Soe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။