မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တက္ကသိုလ်ကျောင်းသူဘဝကတည်းက အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်လာခဲ့သူ ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာလေးတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာဆိုရင်လည်း ဝါရင့်အနုပညာရှင်တွေနဲ့တွဲဖက်ပြီး သရုပ်ဆောင်နေရတာဖြစ်ပါတယ်။

Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography

လက်ရှိမှာတော့ ဖြူဖြူထွေးက ဒဂုံတက္ကသိုလ်ကနေဘွဲ့တစ်ခုရရှိထားပြီဖြစ်သလို အနုပညာအလုပ်တွေလုပ်ကိုင်ပြီး မိဘတွေကိုလုပ်ကျွေးပြုစုနေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာဆိုရင်လည်း ဖြူဖြူထွေးအနေနဲ့ ကြော်ငြာလေးတွေရိုက်ကူးနေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၆) ရက်နေ့ကလည်း ဖြူဖြူထွေးက မန္တလေးမြို့မှာရှိတဲ့ "Family Plus Pharmacy" ဆေးဆိုင်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။

Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography

ဒီပွဲအခမ်းအနားလေးကိုတော့ ဖြူဖြူထွေး အနီရောင်ပွဲတက်ဂါဝန်လေးကို ဝတ်ဆင်ပြီး လှလှပပလေးတက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်ကထက်ပိုလှလာတဲ့ ဖြူဖြူထွေးက အပြစ်ကင်းစင်တဲ့ အပြုံးလှလှလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "Family Plus Pharmacy" ဆေးဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့တဲ့ မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ ပွဲတက်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe's FB Acc

Photo Credit-Panda Portrait Photography 

Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography
Photo Credit-Panda Portrait Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။