ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit - Paing Phyoe Thu's Facebook Account
Photo Credit - Paing Phyoe Thu's Facebook Account
Photo Credit - Paing Phyoe Thu's Facebook Account

အနုပညာအလုပ်တွေကိုအတူတကွလုပ်ကိုင်ရုံသာမကပဲ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူကတော့ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ကြင်နာပုံတွေဟာလည်း မြင်ရသူတိုင်းကိုကြည်နူးချမ်းမြေ့စေတာပါ။ အခုမှာလည်း သုသုရဲ့ Facebook Myday မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit - Paing Phyoe Thu's Facebook Myday
Photo Credit - Paing Phyoe Thu's Facebook Myday
Photo Credit - Paing Phyoe Thu's Facebook Myday

ဒါကတော့ ချစ်ခင်ပွန်းရဲ့ခါးလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ ကြည်နူးနေတဲ့ ပိုင်ဖြိုးသုရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာ သုသုတစ်ယောက် ကလေးလေးတစ်ယောက်လို ကြည်နူးနေတာဟာလည်း သိပ်ကို ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးအတွက် သုသုတို့ဇနီးမောင်နှံရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Paing Phyoe Thu's Facebook Myday  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။