အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဘတ်စကက်ဘောကစားသမားကိုဘေးဘရိုင်ယန့်ဟာ NBA ရဲ့ အကြီးကျယ်ဆုံး ဘတ်စကက်ဘောကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ရင်းနှီးသလို ပရိသတ်တွေကြားအတော်လေးကို နာမည်ကျော်တဲ့ ကိုဘေးဘရိုင်ယန့်ဟာ မနေ့ညကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

photo credit :neymar ' s instagram account
photo credit :neymar ' s instagram account

ကယ်လီဖိုးနီးယားပြည်နယ် မှာ ကိုဘေးဘရိုင်ယန့်စီးလာတဲ့ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တာပဲ ဖြစ်ပြီး သူနဲ့အတူ စီးနှင်းလိုက်ပါလာတဲ့ သမီးဖြစ်သူလည်း ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့ နေမာကတော့ ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားတဲ့ ဘတ်စကက်ဘောကစားသမားကိုဘေးဘရိုင်ယန့်အတွက် ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။

photo credit :neymar ' s instagram account
photo credit :neymar ' s instagram account

နေမာဟာ မနေ့ညက ကစားခဲ့တဲ့ လိုင်လီအသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကိုဘေးဘရိုင်ယန့်ဝတ်ဆင်ခဲ့တဲ့ ကျောနံပတ်၂၄ကို ရည်ရွယ်ပြီး ၂၄ဆိုတဲ့စာလုံးကို လက်နဲ့ ပုံဖော်ကာ ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။ တစ်ခြားသော နာမည်ကျော်ဘောလုံသမားတွေကလည်း သူတို့ရဲ့ instagramအကောင့်တွေကနေ ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။

source:neymar ' s instagram account 

photo credit :neymar ' s instagram account
photo credit :neymar ' s instagram account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။