ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ချမ်းချမ်းကတော့ သူမရဲ့တေးသီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ဆွဲငင်အားပြင်းပြီး တစ်မူထူးခြားတဲ့အသံလေးနဲ့ သီချင်းတွေသီဆိုတတ်တဲ့ ချမ်းချမ်းက လူငယ်ပရိသတ်တွေရဲ့အမာခံအားပေးဝန်းရံခြင်းခံထားရတာ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျပြီး အရမ်းကိုရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit-Chan Chan's FB Page
Photo Credit-Chan Chan's FB Page

လက်ရှိမှာတော့ ချမ်းချမ်းက ပြည်တွင်းပြည်ပရှိ ရှိုးပွဲတွေနဲ့ ပွဲအခမ်းအနားတော်တော်များများမှာ သီချင်းတွေပါဝင်သီဆိုနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်မိခင်ဖြစ်တဲ့ ချမ်းချမ်းက ယနေ့အချိန်အထိကို ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့လှနေဆဲ ဖြစ်ပါတယ်။ အခုတော့ ချမ်းချမ်းက ပြီးခဲ့တဲ့ပိတ်ရက်မှာ ချင်းမိုင်မြို့လေးကိုသွားရောက်ပြီး နေရာစုံအောင်လျှောက်လည်ရင်း အပန်းဖြေခဲ့တဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားပါတယ်။ 

Photo Credit-Chan Chan's FB Page
Photo Credit-Chan Chan's FB Page
Photo Credit-Chan Chan's FB Page

ချမ်းချမ်းက "ချင်းမိုင်မှာ စနေတနင်္ဂနွေ (၂) ရက်ကို မရရအောင်ခရီးတွေစုံအောင်လည်ခဲ့တယ်...ရာသီဥတုကလဲအေးအေးလေး..ရေတံခွန်တွေစေတီတွေတောင်တန်းတွေနဲ့ တို့နိုင်ငံလိုပဲစိမ်းလန်းနေတယ်..နောက်တခေါက်ကျရင် ဆင်စခန်းတွေ လှေလှော်တာတွေသွားလုပ်ကြည့်ဦးမယ်..အခုတော့ ရန်ကုန်ပြန်ရောက်ပြီ"ဆိုပြီး ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်းရဲ့ခရီးသွားပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Chan Chan's FB Page

Photo Credit-Chan Chan's FB Page
Photo Credit-Chan Chan's FB Page
Photo Credit-Chan Chan's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။