သမီးအရင်းက စွန့်ပစ်ခဲ့ပေမယ့် သူစိမ်းတစ်ယောက်ကကယ်တင်ထားပြီး နောက်ဆုံး အလုပ်တစ်ဖက်နဲ့ သွေးမတော်တဲ့လူအိုကြီးကို စိတ်ပူနေရင်း

ဘိုးဘွားရိပ်သာကို ပို့ဆောင်ရမယ့်အခြေအနေမှာ အဘိုးနဲ့ ခဏတာပြုစုခဲ့ရတဲ့ အမ နှစ်ဦးသား ငိုနေကြတဲ့ Video File လေးဟာ မကြည့်ရက်စရာပါ ။ သွေးထက်ပျစ်တာမရှိဘူးဆိုပေမယ့် တစ်ခါတစ်လေမှာ သူစိမ်းကသွေးသားထက်ပိုကောင်းတဲ့

အဖြစ်တွေထူးဆန်းစွာရှိနေခဲ့ကြောင်း အောက်ပါဖြစ်ရပ်လေးက သက်သေပြနေပါတယ် ... 

စကားမပြောနိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းပက်လက် ငိုရှိုက်သံ

သမီးတစ်ယောက်မဟုတ်ပေမဲ့ ခဏတာပြုစုခဲ့ရတဲ့ အစ်မတစ်ဦးရဲ့ ငိုသံတွေက ဘယ်လိုမှမခံစားနိုင်ဘူး

အဟာရချို့တဲ့ပြီး စကားပါ မပြောနိုင်တော့တဲ့

စားရမဲ့ သောက်ရမဲ့ ဘဝကနေ အားနည်းကာ လမ်းဘေး ရေမြောင်းထဲပြုတ်ကျရာမှ လမ်းမှာတွေ့တဲ့ ကလေးများမှ ကုန်းပေါ်တင်ခဲ့ပါတယ်။

မေတ္တာစေတနာပြည့်ဝတဲ့ အစ်မတစ်ဦးက သူ့အိမ်ကိုခေါ်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ လက်ရှိမှာ အလုပ်ကတစ်ဖက်နဲ့ မသန်မာတော့တဲ့ သွေးချင်းမတော်တဲ့

လူအိုကြီးကို စ်ိတ်မချနိုင်ဖြစ်နေပါတယ်။

ဒါနဲ့ ကျွန်တော့ထံ အစ်ကိုတစ်ယောက်မှ ဆက်သွယ်လာလို့ သွားတွေ့ခဲ့ရပါတယ်။

တွေ့ခဲ့ရပါတယ် မိသားစုအကြောင်းစုံလဲ သိခဲ့ရပါတယ်။

{စိတ်မကောင်းပေမဲ့ ဒါတော့ ဆက်မပြောချင်တော့ပါဘူး ချန်ထားခဲ့ပါတယ်}

ဖခင်တစ်ယောက် ဘယ်လောက်စားနိုင်မှာမို့လဲဗျာ

နှလုံးသားရှိသူမို့ ချော့ခဲ့ရတယ် အားမငယ်ဖို့

တရားပဲ နှလုံးသွင်းပါတော့ အဘရယ် ကိုယ်နောက်မှာ ဘယ်လောက်ချစ်ပါတယ်ဆိုပြီး တဖွဖွ ပြောနေသူတွေကလဲ ကိုယ်နောက်လိုက်လာမှာ မဟုတ်ပါဘူး လောဘတွေနဲ့ရှာ ရှာသမျှတွေဟာ တကယ်တော့ ထားခဲ့ရမဲ့ အရာတွေပါ။ ခုဆို အဘမှာ ဘာမှမရှိတော့ သမီးရင်းကပါ ထားသွားခဲ့ပီပဲ၊၊

သမီးဖြစ်သူ သိပါစေ အဘကို အမှန်တကယ်အေးချမ်းရာ

YGW.ဘိုးဘွားစောင့်ရှောက်ရေးကျောင်းသို့ ပို့ထားပြီးပါပီ

လိုအပ်တာများလဲ ဖခင်တစ်ယောက်လို အောင့်မေ့ပြီး ကျန်းမာရေးနှင့် အသုံးအဆောင်ပစ္စည်းမျာ လိုအပ်တာကို ကူညီပေးသွားပါမယ်။

ဦးဖြူအောင် အသက် ၆၅ နှစ်ပါ

အဘရဲ့ သမီးဖြစ်သူ ဒီစာလေး တွေ့ပါစေ

မေတ္တာဖြင့်

ကားကူညီပေးပါသော မနောကြာဖြူ အသင်းအား ကျေးဇူးအထူးတင်ပါတယ်။ လို့ အဘိုးကိုသွားရောက်ခေါ်ယူခဲ့တဲ့ အလင်းစေတမန် အွန်လိုင်း ပရဟိတ အသင်းက ရေးသားထားခဲ့ပါတယ် ။

ကိုယ့်ကိုလူဖြစ်အောင်ကျွေးမွေးလာခဲ့တဲ့ မိဘများအိုမင်းမစွမ်း ဖြစ်လာချိန်မှာ ပြန်လည်ပြုစုလုပ်ကျွေးနိုင်တဲ့သူများဖြစ်ကြပါစေ ... 

Source အလင်းစေတမန် အွန်လိုင်း ပရဟိတ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။