မြန်မာဂုဏ်ဆောင် အောင်လအန်ဆန် ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ယခုမှာတော့ အောင်လအန်ဆန်တစ်ယောက် ကျန်းမာသန်စွမ်းပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်လိုက်ရပြီဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်၊ချစ်သမီးလေး ဆန့်ဆိုင်းဂရေ့စ်အင်ဆန် ကိုကောင်းမွန်စွာမွေးဖွားနိုင်ခဲ့ပါပြီ။ သမီးလေးက၈ပေါင်နဲ့၅အောင်စရှိပြီးကျန်းကျန်းမာမာနဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေရဲ့ကြည့်ရှုစောင့်ရှောက်မှုအောက်မှာရှိနေပါတယ် " ဆိုပြီး သမီးလေးရဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ "သမီးလေးနဲ့မေမေတို့နှစ်ယောက်စလုံးကျန်းမာပြီးအားလုံးအဆင်ပြေနေပါတယ်။သမီးလေးကိုကောင်းမွန်စွာမွေးဖွားနိုင်ဖို့အတွက်ဆုမွန်ကောင်းတောင်းပေးကြတဲ့သူတွေ၊ဆုတောင်းကူညီကြတဲ့သူတွေအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ် " ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Aung La Nsang(Burmese Python) 's facebook  page 

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။