ဦးကင်းကောင်အတွက် မွေးနေ့ဆုတောင်း

ကဲဒီနေ့က ဘာနေ့ဖြစ်မယ်ထင်လည်း Myanmarload ပရိသတ်ကြီးရေ။ ပရိသတ်ကြီးအတွက် အခုအချိန်ထိ ဟာသာတွေနဲ့

ဖျော်ဖြေနေတဲ့ ဟာသသရုပ်ဆောင် ဦးကင်းကောင်ရဲ့ မွေးနေ့ဘဲဖြစ်ပါတယ်။

Happy Birthday ပါဦးကင်းကောင်ရေ ပရိသတ်ကြီးလဲ မွေးနေ့ဆုုတောင်းစကားလေးတွေ ဦးကင်းကောင်အတွက် ပြောပေးသွားပါဦး။

အရင်နှစ် ဂျွန်လလောက်တုန်းကလည်း ဦးကင်းကောင် သေဆုံးတယ်လို့ ကောလဟာလများထွက်ခဲ့ပါသေးတယ်။

သရုပ်ဆောင် ကင်းကောင် သေဆုံးခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဦးကင်းကောင်မှ သူ့ရဲ့ဖေ့ဘွတ်ခ်ပေါ်မှာ ပြန်လည်ရှင်းပြထားရပါတယ်။

"ဦးကင်း ကျန်းမာရေးကောင်းပါတယ်... ရူတင်အားတဲ့နေ့ ဘီဒိုလေးလုပ်နေတာပါဗျာ စိုးရိမ် ပူပန်စွာနဲ့ သတင်းမေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ချစ်ပရိတ်သတ် အားလုံးကို ကျေးဇူး တင်ပါတယ်ဆိုုပြီး ရှင်းပြခဲ့ပါတယ်။" အရင်နှစ်ဒီဇင်ဘာလောက်က ကျန်းမာရေးအနည်းငယ် စိုးရိမ်ရလို့ ဆေးရုံတက်ခဲ့ရပြီး အခုအချိန်မှာတော့ ပရိသတ်တွေ ပို့သတဲ့ မေတ္တာကြောင့် ဦးကင်းကောင်

ကျန်းမာချမ်းသာစွာနဲ့ မွေးနေ့တောင် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။