ဟင်္သာတမြို ့က ကျွန်တော့ မိတ်ဆွေအိမ်မှာ(ပန်​းပဲတန်​းရပ်​ ​ဇောတိကလမ်​း) ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပေါ်နေပါတယ်။ ဘာလဲဆိုတော့ ပေါ့ဆခြင်း လူတစ်ဦးတစ်ယောက်ရဲ ့ နှောင့်ယှက်ဖျက်ဆီးခြင်း မဟုတ်ပါပဲ။မီး ထထလောင်နေသည်မှာ (၅) ကြိမ်ခန် ့ရှိနေပါပြီ။ 

သက်ဆိုင်ရာရပ်ကွက်အုပ်ချူပ်ရေးမှုး နှင့် ရဲစခန်း အပါအဝင် တာဝန်ရှိသူများထံ အကြောင်းကြားထားပြီးအပြင် သက်ဆိုင်ရာကလည်း လာရောက်စစ်ဆေးပြီးပါပြီ။ အဲ့ဒိကြားထဲကမှ အလိုလိုနေရင်း မီးလောင်နေခြင်းမှာ သာမန်ဖြစ်စဉ်မဟုတ်ပဲ သဘာဝလွန်ဖြစ်ရပ်လား သိပ္ပံနယ်လွန် ဖြစ်ရပ်လား အဘယ်သို ့သော ဖြစ်စဉ်ဆိုတာ အားလုံးစိတ်ဝင်စားနေကြသလို အိမ်ရှင်များအနေနဲ ့ ထိတ်လန် ့တုန်လှုပ်နေကြပါတယ်။ဆရာတော်သံဃာတော်တို ့နှင့်လည်း ရွတ်ဖတ် သရဇ္ဇာယ်ပြီးပေမယ့် မရသေးဘူးလို ့သိရပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အင်တာနက်အသုံးပြုသူအချို့က ယခုလိုထင်မြင်ချက်တွေပေးခဲ့ပါတယ်။

" ​မြေကြီးကမီးစုန်​းဓာတ်ရှိလို့ပါရွာဘက်​​တွေမှာခနခန​တွေ့ရပါတယ်​ အပူရှိန်​ ပြင်​းပြီးမိုးရွာခါစမှာ လယ်​ကွင်​း​တွေဘက်​ကစုန်​းမီးတက်​သလိုမျိုး​ပေါ့အ​ဆောက်​အဦး​တွေရှိ​တော့အ​ပေါ်မတက်​နိုင်​ဘဲမီး​လောင်တာပါ မီးစုန်​း ​ဖော့စ​ဖောရပ်​ က​လေနဲ့ဓာတ်​ပြုရင်​မီး​လောင်​ပါတယ်​ အချိန်​တန်​ရင်​သူ့အလိုလို​ပျောက်​သွားမှာပါ။ "

" သိပ္ပံလိုဆိုရင်တော့ မီးလောင်ခြင်းကိုအားပေးတဲ့ gasတစ်မျိုးမျိုး အဲ့အိမ်ပတ်ဝန်းကျင်မှာ ထွက်နေလိမ့်မယ် ဒါမှမဟုတ် ဝိဇ္ဇာနည်းဆိုရင်တော့ စက်ကြီး ၁၃ပါးထဲမှာ လောင်မီးကျလျှက် နတ်တို့စက် ဆိုတာရှိတယ် နတ်ဒေဝတာတွေ မကြိုက်နိုင်တဲ့ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ မကြိုက်တဲ့ အမှားတစ်ခုခုများလုပ်မိနေလားဆိုတာလည်း အချက်၁ချက်အနေနဲ့ ထည့်စဉ်းစားကြည့်ပါ။ "

Source : mymedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။