၂၀၁၆/ ၁၇ ဘောလုံးရာသီအတွက် ချယ်လ်ဆီးအသင်းမှာ ဆုကြေးငွေပေါင် (၁၅၂.၈) သန်းဖြင့် ဆုကြေးငွေအများဆုံး ချီးမြှင့်ခံခဲ့ရသည့်အသင်း ဖြစ်ခဲ့ပါတယ်။

ဆုကြေးငွေများကို ချီးမြှင့်ရာတွင် ပွဲစဉ်များအပြီး အမှတ်ပေးဇယား ရပ်တည်မှု (Merit or Position) အရ အချိုးကျ ခံစားခွင့်နှင့် ရုပ်/သံထုတ်လွှင့်မှုများ (TV Rights) မှ ချီးမြှင့်ငွေများအပေါ် မူတည်တွေ တွက်ချက်ထားခြင်းဖြစ်သည်..။ Sky Sports နှင့် BT Sports ရုပ်/သံဌာနများမှ တစ်နှစ်လျှင် ပေါင် (၈၄.၄) သန်းကို အသင်းတိုင်းအတွက် အညီအမျှ ခွဲဝေပေးပြီး တစ်ပွဲချင်း ထုတ်လွှင့်ပြသခဲ့သ်ည့် ပွဲအရေအတွက်အပေါ် မူတည်ပြီး တစ်ပွဲလျှင် စတာလင်ပေါင် (၉၄၀,၀၀၀) နှုန်းဖြင့် ထပ်မံပေါင်းထည့်ပေးထားပါတယ်။ ယခုနှစ်ဘောလုံးရာသီအတွက် ရုပ်/သံ ထုတ်လွှင့်မှုမှ ဆုကြေးအများဆုံး ရရှိခဲ့သည့်အသင်းမှာ လီဗာပူးလ်အသင်း ဖြစ်ခဲ့ပါတယ်။

Ref: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။