ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ထူးခြားဆန်းပြားသစ်ပင်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Pejibaye palm" ပီဂျီဘေး ထန်းပင် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သတင်းကဏ္ဍစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။
ပီဂျီဘေး လို့ခေါ်တဲ့ ထန်းပင်းမျိုးဆိုတာဟာ တောင့်တင်းသော အနက်ရောင် ဆူးချွန်များ အပင် ခြေရင်းမှ ထိပ်ဖျားတိုင်အောင် ပင်စည် ပတ်လည်တွင် အတန်းလိုက် ရှိနေတဲ့ အပင်မျိုးပဲ ဖြစ်ပါတယ်။ ထိုထန်းပင်တို့ရဲ့ မူလရင်းမြစ်ဟာ အမေရိကန် ဗဟို နှင့် အလယ်ပိုင်းမှာ ဖြစ်သော်လည်း ကော့စကာရီကာနှင့် နီကာရာဂွာနိုင်ငံများတွင် အများဆုံးတွေ့ရှိရပါတယ်။
မီတာ ၂၀ အထိမြင့်မားကြပြီး အရွက်များဟာ ၃ မီတာ အထိရှည်လျားကြပါတယ်။ ပီဂျီဘေးတို့ရဲ့ မူလနေရာဖြစ်သော အမေရိကန်တွင် ပီဂျီဘေးပင်ရဲ့ အသီးမျာကို အချဉ် ဖောက်ကာ စားသုံးလေ့ရှိကြပါတယ်။ ဒေသခံများရဲ့ အဓိက စားစရာတစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့အချိန်တွင် အချဉ်ဖောက်ထားသော ပီဂျီဘေးသီးများဟာ လူကြိုက်များသော စားစရာတစ်ခုဖြစ်လာပါတော့တယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။