အိမ်ထောင်ကျပြီးနောက်အနုပညာအလုပ်တွေမလုပ်တော့ဘူးဆိုတဲ့ သင်ဇာနွယ်ဝင်း ဟာ သူမရဲ့ ရင်သွေးလးရတာနဲ့ ပတ်သက်ပြီး အသိပေးပြီးနောက်မှာ ဗိုက်ထဲက ကလေးကို နှမချင်းမစာမနာ ပြောဆိုဝေဖန်သူတွေကို မနေ့က မဝေဖန်ကြဖို့ သူမရဲ့ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

သားသမီးမယူသေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် မမျှော်လင့်ပဲ ကိုယ်ဝန်ရခဲ့ရတာဆိုပြီး ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်နေတာပါ။ ဒါပေမယ့် လူတစ်ချို့ကတော့ မမွေးဖွားရသေးတဲ့ ကလေးကို မျိုးစုံ မကြားဝံ့မနာသာ ဝေဖန်စကားတွေပြောဆိုနေတဲ့အတွက် သင်ဇာ တစ်ယောက် အတော်လေးစိတ်မကောင်းဖြစ်နေရှာပါတယ်။

ဒါ့ကြောင့်လည်း သင်ဇာ က အဲ့ဒီလူတွေကို ဆက်ပြီး မဝေဖန်ကြဖို့ ပြောလိုက်တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး သူမကို နှစ်သိမ့်အားပေးသူတွေထဲမှာ သူငယ်ချင်းဖြစ်သူ မိုးယုစံလည်း ပါဝင်ပါတယ်။

မိုးယုက သင်ဇာရဲ့ ပို့စ်အောက်မှာ သင့်ဇာဘက်ကနေ နှစ်သိမ့်ကာ အားပေးစကားပြောပေးခဲ့ပါတယ်။

ပရိသတ်ကြီးလည်း သင့်ဇာကို အားပေးစကားပြောလိုက်ပါဥိးနေ်ာ။  

သတင်းအရင်းမြစ် Thin Zar Nwe Win fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။