ကနေဒါနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းမှာ မိန်းကလေးတစ်ဦးကို ဖျံတစ်ကောင်က ရေထဲကို ဆွဲချသွားတဲ့ ဗီီဒီယိုဟာ အင်တာနက်ပေါ်မှာ ရေပန်းစားနေတယ်လို့ Channel News Asia သတင်းမှာဖော်ပြထားပါတယ်။ 

ဒီဗီဒီယိုပျံ့နှံ့ခဲ့ပြီးနောက် လူတွေနဲ့ ယဉ်ပါးခြင်းမရှိတဲ့ တိရစ္ဆာန်တွေကို အစာကျွေးတဲ့အခါ အန္တရာယ်ရှိတယ်လို့ တာဝန်ရှိသူတွေက သတိပေးစာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဗီဒီယိုကို ယူကျုမှာ တင်ခဲ့ရာ ကြည့်ရှုသူ (၁၁)သန်းကျော်အထိ ရှိခဲ့ပါတယ်။ 

ဒါဇင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တိရစ္ဆာန်တွေကို အစာကျွေးနေချိန် မိန်းကလေးတစ်ဦးက သင်္ဘောဆိပ်ကမ်းဘောင်ပေါ် တက်ထိုင်နေရာ ဖျံတစ်ကောင်က ရုတ်တရက် လှမ်းဆွဲခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အမျိုးသားတစ်ဦးက ရေထဲကို ဆင်းပြီး အဲ့ဒီမိန်းကလေးကို အလျင်အမြန် သွားရောက် ကယ်တင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Source: Channel News Asia

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။