ဂီတလောကမှာ အောင်မြင်မှုများစွာရရှိထားပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ သူလေးကတော့ အဆိုတော် အိမ့်ချစ်ပဲဖြစ်ပါတယ်။ သူမက အသံပါဝါကောင်းကောင်းနဲ့ စင်မြင့်ထက်မှာ ယုံကြည်မှုရှိရှိ သီချင်းတွေကို သီဆိုတက်သူလည်းဖြစ်ပါတယ်။ သူမသီဆိုတဲ့ သီချင်းတွေကိုလည်း ကိုယ်ပိုင်ရေးသားထားကာ ဆယ်ကျော်သက်လူငယ်တွေကြားထဲရေပန်းစားလူကြိုက်များနေတာလည်းဖြစ်ပါတယ်။  

Photo Credit; Eint Chit's FB
Photo Credit; Eint Chit's FB

အိမ့်ချစ်က အခုလက်ရှိ နိုင်ငံခြားကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး မကြာသေးမီကမှ ပြင်သစ်နိုင်ငံ အီဖယ်မျှော်စင်ရှေ့မှာ ချစ်သူက လက်ထပ်ခွင့်တောင်းခြင်းကို ခံရတာကြောင့် ပရိသတ်တွေကြားထဲမှာ ဒီသတင်းက ရေပန်းစားခဲ့ပါသေးတယ်။ မိန်းကလေး ပရိသတ်တွေကလည်း အိမ့်ချစ်ကို အားကျနေကြတာ အမှန်ပါပဲနော်။ အိမ့်ချစ်ကလည်း လက်ထပ်ခွင့်တောင်းတာကို Yesလို့ ပြန်အဖြေပေးလိုက်ပါသေးတယ်။

Photo Credit; Eint Chit's FB
Photo Credit; Eint Chit's FB

နိုင်ငံခြားအလည်အပတ်ခရီးစဉ်တွေ ဆက်တိုက်ထွက်နေတဲ့ အိမ့်ချစ်က အခုလည်း ဂျာမနီမှာရှိတဲ့ နာမည်ကြီး ဘောလုံးကွင်းကြီး "Allianz Arena"ကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ "မြင်နေရတာ ဘောလုံးကွင်းဆိုပဲ"ဆိုတဲ့ စာသားလေးနဲ့ အတူ သူမရဲ့ ပုံရိပ်လေးတွေကို လှုမှုကွန်ယက်စာမျက်နှာမှတဆင့် မျှဝေထားတာပဲဖြစ်ပါတယ်။ အိမ့်ချစ်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်.....။

Photo Credit; Eint Chit's FB
Photo Credit; Eint Chit's FB

Photo Credit; Eint Chit's FB

Source; Eint Chit's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။